နည်းနည်းတော့ အူကြောင်ကြောင်နိုင်တယ်ရယ်......
သွေးထွက်လွန်သွားတာမို့ လက်ကောက်ဝတ်က
ဒဏ်ရာကို ပတ်တီးစည်းပေးထားတာတောင်
သွေးတချို့က စိမ့်ထွက်နေဆဲ......
ကိုယ့်မှာ ဒေါသလည်း မထွက်ရက်......
သူ့ကိုလည်း အပြစ် မတင်ချင်.......
မုန်းဖို့ ကောင်းလိုက်တာ.....Oh Sehun ရယ်
Hannie လေး သူ့ချစ်သူနဲ့ အမြဲ
ပျော်နေနိုင်ပါစေဆိုတာက ကျနော့်ရဲ့
တစ်ခုတည်းသော ထာဝရဆုတောင်း
ဖြစ်နေတာတောင် ဘာလို့ မပြည့်နိုင်ရတာလဲ.......
မိုးနတ်မင်းကြီး.....ခင်ဗျားလည်း မတရားဘူး
အချစ်တွေ သွန်ချပေးခွင့် ရှိမယ့်လူက
ကိုယ်မဖြစ်နိုင်တော့ဘူးဆိုတာ
သိပြီးတဲ့နောက် သူ့ကို
ချစ်ပေးမယ့်လူကတော့
အချစ်တတ်ဆုံး လူသားတစ်ယောက်
ဖြစ်ပါစေ ဆုတောင်းခဲ့တာ.......
Hannie ရယ်..... မင်းကပဲ
နာကျင်ရဖို့ ကံပါလေသလား
ကိုယ်ကပဲ အချစ်တွေ ဖော်ပြခွင့်မရှိဆိုပြီး
ဝဋ္ဋ်ကြွေးများ ပါလေသလား......
သေချာတာကတော့ ကိုယ်တို့နှစ်ယောက်
စိတ်ချင်းနီးလျက်နဲ့ အမြဲ နာကျင်နေရဦးမယ်......
"In....Inni....ee"
"ဟင် Hannie......နိုးပြီလား"
"ခဏ..... ကိုယ် ဒေါက်တာ သွားခေါ်ဦးမယ်"
လက်ကို လှမ်းဆွဲထားတာမို့
နောက်ပြန်လှည့်ကြည့်မိတော့
အနားမှာ ရှိနေပေးဖို့ကို
တောင်းဆိုနေတဲ့ မျက်ဝန်းတွေ......
ဟင်း..... သူ့မျက်ဝန်းအဓိပ္ပါယ်တွေ
အကုန် ဖတ်တတ်နေတော့လည်း
တခါတလေ သူ့ကို အပြစ်တင်ချင်မိတယ်......
မျှော်လင့်ချက်တွေ မပေးပါနဲ့လားလို့......
"အင်း......မသွားစေချင်ဘူးလား"
ညင်ညင်သာသာ ခေါင်းတစ်ချက်အငြိမ့်မှာ
အပြုံးလေးတစ်ပွင့်ကပါ တွဲခိုလာပြီးသား......
စိတ်ချပါကွယ်...... မင်း အပြုံးတွေ
မစွန့်ကြဲလည်းပဲ ဒီကောင်ကြီးက
မင်းအနားမှာ အမြဲ တွယ်ကပ်နေမှာမို့ပါ......
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 17
Start from the beginning
