သွေးတွေ ဒလဟော ပန်းထွက်လာတာမို့
နာကျင်လာပြီး အသားတွေပါ တုန်ရီလာတယ်.......

"Luhan......နင် တော်တော့"

Sohee က ကျနော့်လက်ကို
ပုတ်ထုတ်လိုက်ပြီး ကြမ်းပြင်ပေါ်
ပြုတ်ကျသွားတဲ့ ဘရိတ်ဓားကို
ကြောက်လန့်တကြား ကြည့်နေတယ်......

ကြမ်းပြင်ပေါ် အိုင်နေတဲ့ သွေးတွေရယ်......
လက်ကောက်ဝတ်ကနေ အဆက်မပြတ်
စီးကျနေတဲ့ သွေးတွေရယ်......

အင်းပေါ့......ဒါက မိန်းကလေးတစ်ယောက်အတွက်
သိပ်ကို ကြောက်လန့်စရာ မြင်ကွင်းကြီးပေါ့

ကော်ရစ်တာမှာ ပြေးလွှားလာနေတဲ့
ခြေသံတွေ တဝုန်းဝုန်း ကြားနေရပြီး
ကျနော် အမြင် အာရုံတွေ ဝေဝါးလာတယ်.......

"Hannie......Hannie"

အဝေးကြီးကနေ Innie ရဲ့ ခေါ်သံကို
ကျနော် ကြားနေရတယ်......

Innie ရေ...... ဖြည်းဖြည်း လာပါကွယ်
ငါ ဒီမှာ ရှိနေသားပဲကို

"Han....Hannie"

အခန်းထဲကို အမောတကော
ပြေးဝင်လာတဲ့ Innie ကို
ကျနော် ယဲ့ယဲ့လေး ပြုံးပြနိုင်လိုက်သေးတယ်......

အချိန်ခဏလောက် Innie ကျနော့်ကို
ကြောင်တောင်တောင်နဲ့ ငေးကြည့်နေသေးတယ်......

ပြီးမှ လက်ကောက်ဝတ်ကို
သွေးထွက်မလွန်အောင်လို့ Innie က
သူ့ coat အင်္ကျီနဲ့ ကြပ်စည်းနေလေရဲ့......

Innie ရယ်..... သွေးတွေကဖြင့်
အများကြီး ထွက်ပြီးနေမှပဲကို

"Hannie လာ......
ဆေးရုံ သွားမယ်"

"အင်း......"

Innie ကျနော့်ကို ကောက်ပွေ့ပြီး
ခြေထောက်ကနေ မချီလိုက်တယ်.......

မှေးမှိတ်ချင်နေတဲ့ မျက်ဝန်းအစုံက
ခုမှ ခိုနားရာ ရင်ခွင်အစစ်ကို
တွေ့လိုက်ရတဲ့အလား ရီဝေလာတယ်......

ကျနော် အိပ်ချင်နေပြီ......

ပြေးလွှားသွားနေတာမို့ လှုပ်ခါနေတဲ့
ရင်ခွင်အစုံဟာ တည်ငြိမ်မှု ရှိမနေတာတောင်
ငြိမ်းချမ်းတယ်လို့ ထင်ပြီး လုံခြုံတယ်လို့
ခံစားနေရတာဟာ ဘာကြောင့်များလဲ......

မှုန်ဝါးနေတဲ့ မျက်လုံးတွေနဲ့ ရင်ခွင်ထဲကနေ
ကျနော် Innie ကို မော့ကြည့်ဖြစ်တယ်.......

•~ ENDLESS ~•Where stories live. Discover now