ရင်ထဲက နာကျင်မှုကို သက်သာစေဖို့
ရည်ရွယ်တာမို့ လက်က အနာပေါ်ကိုသာ
အာရုံစိုက်ထားတော့ ရင်ထဲ တဆစ်ဆစ်နဲ့
နာကျင်လာတယ်......

ဓားသွားချွန်မြမြက ကျနော့်ရဲ့
စိတ်ထွက်ပေါက် တစ်ခုပါလို့
ကိုယ့်ကိုကိုယ် မဝံ့မရဲ ဝန်ခံလိုက်ရတယ်......

Xiao Luhan ရေ.....
မင်း သိပ်ကို ရူးနှမ်းလွန်းတယ်

"ဟင် ဟင်.....Lu Luhan
နင် ဘာ ဘာတွေ လုပ်နေတာလဲ"

သူမကို ကျောပေးထိုင်ထားတဲ့ ကျနော့်ကို
ဘယ်လို ဘယ်လို မြင်သွားလဲမသိ......
ဒါမှမဟုတ် ကြမ်းပြင်ပေါ် အိုင်နေပြီဖြစ်တဲ့
သွေးကွက်ကြီးက အတော်အတန်ပဲ
ကြီးနေပြီမို့ များလား......

ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့
လက်သီးဆုပ်ထဲက ဓားကို အတင်း ဝင်လုနေရင်း
ရပ်ဖို့ကို အော်ဟစ် ပြောဆိုနေတဲ့ သူမ......

ရော်..... ဒီလိုနဲ့ သူပါ ထိခိုက်မိတော့မယ်

"Sohee...... ငါ့ကို မတားပါနဲ့လား
ကျေးဇူးပြုပြီး.....ဟင်"

မတန်မဆ လက်ကောက်ဝတ်ပေါ် လှီးဖြတ်ထားတဲ့
ဒဏ်ရာတွေဟာ သိပ်ကို နာကျင်လွန်းနေတာမို့
ကျနော် အသံတွေပါ ပြာချင်လာတယ်......

အင်မတန်မှ ကြေကွဲနေတဲ့ မျက်ဝန်းတွေနဲ့
ဆို့နင့်နေတဲ့ ကျနော့်ပုံစံဟာ သိပ်ကို
သနားစရာကောင်းသွားတယ် ထင်တယ်......
Sohee ကပါ မျက်ရည်တွေ ရစ်ဝိုင်းလာတယ်......

"Ming...Ming......Jongin ကို သွားခေါ်သွား"

"ဟင်.....ဘာ"

"Kim Jongin ကို သွားရှာပြီး
ခေါ်လာခဲ့လို့...... မြန်မြန်သွား"

Ming ဆိုတဲ့ တစ်ယောက်က ခုမှ
ကျနော့် အခြေအနေအရပ်ရပ်ကို
နားလည် သဘောပေါက်ဟန်နဲ့
အခန်းထဲကနေ မျက်ကလူးဆန်ပြာ
ပြေးထွက်သွားတယ်......

ဪ..... ဘေးလူတွေကပါ ကျနော်
တစ်ခုခု ဖြစ်နေရင် Innie ကို အသည်းအသန်
ပြေးရှာရလောက်တဲ့အထိ ကျနော် သူ့အပေါ်
မှီခိုမှုတွေ သိပ်ကြီးမားခဲ့ပြီ ထင်တယ်

လက်ကောက်ဝတ်သွေးကြောမကြီးကို
ထိထိမိမိ ဖြတ်မိသွားတဲ့ ဓားသွားထိပ်ကြောင့်
မအော်မိပေမဲ့ ကျနော် မျက်နှာ ရှုံ့မဲ့သွားရတယ်......

•~ ENDLESS ~•Where stories live. Discover now