မတန်မဆ လက်ကောက်ဝတ်ပေါ် လှီးဖြတ်ထားတဲ့
ဒဏ်ရာတွေဟာ သိပ်ကို နာကျင်လွန်းနေတာမို့
ကျနော် အသံတွေပါ ပြာချင်လာတယ်......

အင်မတန်မှ ကြေကွဲနေတဲ့ မျက်ဝန်းတွေနဲ့
ဆို့နင့်နေတဲ့ ကျနော့်ပုံစံဟာ သိပ်ကို
သနားစရာကောင်းသွားတယ် ထင်တယ်......
Sohee ကပါ မျက်ရည်တွေ ရစ်ဝိုင်းလာတယ်......

"Ming...Ming......Jongin ကို သွားခေါ်သွား"

"ဟင်.....ဘာ"

"Kim Jongin ကို သွားရှာပြီး
ခေါ်လာခဲ့လို့...... မြန်မြန်သွား"

Ming ဆိုတဲ့ တစ်ယောက်က ခုမှ
ကျနော့် အခြေအနေအရပ်ရပ်ကို
နားလည် သဘောပေါက်ဟန်နဲ့
အခန်းထဲကနေ မျက်ကလူးဆန်ပြာ
ပြေးထွက်သွားတယ်......

ဪ..... ဘေးလူတွေကပါ ကျနော်
တစ်ခုခု ဖြစ်နေရင် Innie ကို အသည်းအသန်
ပြေးရှာရလောက်တဲ့အထိ ကျနော် သူ့အပေါ်
မှီခိုမှုတွေ သိပ်ကြီးမားခဲ့ပြီ ထင်တယ်

လက်ကောက်ဝတ်သွေးကြောမကြီးကို
ထိထိမိမိ ဖြတ်မိသွားတဲ့ ဓားသွားထိပ်ကြောင့်
မအော်မိပေမဲ့ ကျနော် မျက်နှာ ရှုံ့မဲ့သွားရတယ်......

သွေးတွေ ဒလဟော ပန်းထွက်လာတာမို့
နာကျင်လာပြီး အသားတွေပါ တုန်ရီလာတယ်.......

"Luhan......နင် တော်တော့"

Sohee က ကျနော့်လက်ကို
ပုတ်ထုတ်လိုက်ပြီး ကြမ်းပြင်ပေါ်
ပြုတ်ကျသွားတဲ့ ဘရိတ်ဓားကို
ကြောက်လန့်တကြား ကြည့်နေတယ်......

ကြမ်းပြင်ပေါ် အိုင်နေတဲ့ သွေးတွေရယ်......
လက်ကောက်ဝတ်ကနေ အဆက်မပြတ်
စီးကျနေတဲ့ သွေးတွေရယ်......

အင်းပေါ့......ဒါက မိန်းကလေးတစ်ယောက်အတွက်
သိပ်ကို ကြောက်လန့်စရာ မြင်ကွင်းကြီးပေါ့

ကော်ရစ်တာမှာ ပြေးလွှားလာနေတဲ့
ခြေသံတွေ တဝုန်းဝုန်း ကြားနေရပြီး
ကျနော် အမြင် အာရုံတွေ ဝေဝါးလာတယ်.......

"Hannie......Hannie"

အဝေးကြီးကနေ Innie ရဲ့ ခေါ်သံကို
ကျနော် ကြားနေရတယ်......

Innie ရေ...... ဖြည်းဖြည်း လာပါကွယ်
ငါ ဒီမှာ ရှိနေသားပဲကို

"Han....Hannie"

အခန်းထဲကို အမောတကော
ပြေးဝင်လာတဲ့ Innie ကို
ကျနော် ယဲ့ယဲ့လေး ပြုံးပြနိုင်လိုက်သေးတယ်......

အချိန်ခဏလောက် Innie ကျနော့်ကို
ကြောင်တောင်တောင်နဲ့ ငေးကြည့်နေသေးတယ်......

ပြီးမှ လက်ကောက်ဝတ်ကို
သွေးထွက်မလွန်အောင်လို့ Innie က
သူ့ coat အကျႋီနဲ့ ကြပ်စည်းနေလေရဲ့......

Innie ရယ်..... သွေးတွေကဖြင့်
အများကြီး ထွက်ပြီးနေမှပဲကို

"Hannie လာ......
ဆေးရုံ သွားမယ်"

"အင်း......"

Innie ကျနော့်ကို ကောက်ပွေ့ပြီး
ခြေထောက်ကနေ မချီလိုက်တယ်.......

မှေးမှိတ်ချင်နေတဲ့ မျက်ဝန်းအစုံက
ခုမှ ခိုနားရာ ရင်ခွင်အစစ်ကို
တွေ့လိုက်ရတဲ့အလား ရီဝေလာတယ်......

ကျနော် အိပ်ချင်နေပြီ......

ပြေးလွှားသွားနေတာမို့ လှုပ်ခါနေတဲ့
ရင်ခွင်အစုံဟာ တည်ငြိမ်မှု ရှိမနေတာတောင်
ငြိမ်းချမ်းတယ်လို့ ထင်ပြီး လုံခြုံတယ်လို့
ခံစားနေရတာဟာ ဘာကြောင့်များလဲ......

မှုန်ဝါးနေတဲ့ မျက်လုံးတွေနဲ့ ရင်ခွင်ထဲကနေ
ကျနော် Innie ကို မော့ကြည့်ဖြစ်တယ်.......

ဟင်း......သူ ကျနော့်ကြောင့်နဲ့
သိပ်ကို စိုးရိမ်ပူပန်နေရပြန်ပြီပဲ

ရုတ်တရက် ဘေးဘက်လှည့်ကြည့်လိုက်တော့
ပုံရပ်တစ်ခုကို ဖြတ်ခနဲ
ဝိုးတိုးဝါးတား မြင်လိုက်ရတယ်.......

အဲ့ပုံရိပ်ဟာ Oh Sehun နဲ့ ဘာလို့
သိပ်ကို တူနေရတာလဲ......

မမြင်ချင်တော့ဘူး.....
လွတ်မြောက်ခွင့်ပေးပါတော့......
ကျနော် သိပ်ကို ပင်ပန်းနေပြီလေ......

မျက်ဝန်းအစုံကို ကျနော် မှိတ်ချလိုက်တယ်......

အိပ်စက်ခွင့် ပေးပါ......
ကျနော် ငြိမ်းချမ်းပါရစေ.......

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

ခင်ဗျားရဲ့ ပြီးပြည့်စုံလွန်းသောအချစ်တွေမှာ
ကျနော့်ရဲ့ မျက်ရည်တွေ နာကျင်မှုတွေ
အနိုင်ယူခံရမှုတွေပါ ပျော်ဝင်နေလေရဲ့......

ခင်ဗျားရဲ့ အချစ်တွေဟာ သိပ်ကို
လူသားဆန်လွန်းနေပြီး
ခမ်းနားကြီးကျယ် လှပါတယ်......

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

To bE coNtiNueD........

•~ ENDLESS ~•Where stories live. Discover now