Innie ရေ..... ကိုယ့်ကိုကိုယ်တော့
အသားနာအောင် မလုပ်ပါနဲ့ဆိုတဲ့
မင်းရဲ့ တောင်းဆိုချက်တစ်ခုကို
ခုတော့ ငြင်းဆန်ခွင့်ပြုပါ......

အင်အားမစိုက်ထုတ်ချင်တော့လောက်အောင်ကို
စိတ်အစုံက ပင်ပန်းနေပြီမို့ ခပ်သာသာ
ဓားချက်တွေဟာ လက်ကောက်ဝတ်ပေါ်
သိပ်တော့ အရာမထင်.......

အချိန်အနည်းငယ် ကြာလာတော့ လက်က
သွေးစို့စ ပြုပြီး နီရဲကာ နာကျင်လာတယ်.....

ဒါမဲ့ ကျနော် မျက်ရည်ကျလို့ မဖြစ်......

နာကျင်မှုကို နာကျင်မှုနဲ့ ကုစားနေရချိန်မှာ
ငိုကြွေးခြင်းဆိုတဲ့ နာကျင်မှုကိုပါ
ထပ်မပါဝင်စေချင်တော့.......

ဒီလောက်ထိတော့လည်း ကိုယ့်ကိုကိုယ်
မညှင်းပန်း မနှိပ်စက်သင့်တော့ဘူး.......
ကျနော် ပင်ပန်းလွန်းမက ပင်ပန်းနေပြီလေ......

ဖျော့တော့တော့ ဓားချက်ရာတွေဟာ လက်ပေါ်
ခပ်စိတ်စိတ် ကျရောက်ပြီးနောက်မှာတော့
သွေးစက်တချို့ ကြမ်းပြင်ပေါ်ကို
ခုန်ပေါက် ဆင်းသွားကြလေရဲ့......

ရင်ထဲက နာကျင်မှုကို သက်သာစေဖို့
ရည်ရွယ်တာမို့ လက်က အနာပေါ်ကိုသာ
အာရုံစိုက်ထားတော့ ရင်ထဲ တဆစ်ဆစ်နဲ့
နာကျင်လာတယ်......

ဓားသွားချွန်မြမြက ကျနော့်ရဲ့
စိတ်ထွက်ပေါက် တစ်ခုပါလို့
ကိုယ့်ကိုကိုယ် မဝံ့မရဲ ဝန်ခံလိုက်ရတယ်......

Xiao Luhan ရေ.....
မင်း သိပ်ကို ရူးနှမ်းလွန်းတယ်

"ဟင် ဟင်.....Lu Luhan
နင် ဘာ ဘာတွေ လုပ်နေတာလဲ"

သူမကို ကျောပေးထိုင်ထားတဲ့ ကျနော့်ကို
ဘယ်လို ဘယ်လို မြင်သွားလဲမသိ......
ဒါမှမဟုတ် ကြမ်းပြင်ပေါ် အိုင်နေပြီဖြစ်တဲ့
သွေးကွက်ကြီးက အတော်အတန်ပဲ
ကြီးနေပြီမို့ များလား......

ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့
လက်သီးဆုပ်ထဲက ဓားကို အတင်း ဝင်လုနေရင်း
ရပ်ဖို့ကို အော်ဟစ် ပြောဆိုနေတဲ့ သူမ......

ရော်..... ဒီလိုနဲ့ သူပါ ထိခိုက်မိတော့မယ်

"Sohee...... ငါ့ကို မတားပါနဲ့လား
ကျေးဇူးပြုပြီး.....ဟင်"

•~ ENDLESS ~•Where stories live. Discover now