အနည်းဆုံးတော့ ကျနော့်အတ္တတွေကို
ခင်ဗျား နားလည်ပေးလိမ့်မည်လို့ပေါ့.....

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

To bE coNtiNueD......

[Unicode]

"ချစ်သူ"ဆိုသည့်အရာကို
လူတွေ ဘယ်လိုသတ်မှတ်ကြသလဲ.....

အရေးကြီးပုံအလိုက် နံပါတ်စဉ် တပ်ပြပါဆိုလျှင်ရော
"အချစ်"က ဘယ်နေရာ လောက်မှာများလဲ......

လူတွေ အားလုံးထဲမှာမှ ကျနော်ကတော့
"ချစ်ခြင်း"ကို ရူးသွပ်စွာ စွဲလမ်းတတ်သူ......

အထူးသဖြင့် Oh Sehun ဆိုတဲ့ လူကြီးကိုမှ
မချစ်ရတော့လျှင် သေရတော့မလိုနှင့်
စုံလုံးကန်း ဖြစ်ခဲ့ရတဲ့ ကျနော်......

Luhan ရေချိုးနေရာမှ တွေးမိနေတဲ့
အတွေးတွေက အစိုးမရ.....
အချစ်ဆိုတာကြီးကို ကျနော်
စိတ်ပျက်စ ပြုလာပြီ ထင်သည်......

ငြီးငွေ့လာတာမျိုး မဟုတ်.....
ကျနော် ချစ်တတ်ပါသေးသည်.....
Samchom ကိုလည်း ချစ်သည်.....
Soo ကိုလည်း ချစ်သည်.....
Innie ကိုလည်း ကျနော် ချစ်ပါသည်.....

သို့သော် ချစ်ပုံချစ်နည်းတွေက မတူညီ.....

"အချစ်ဆိုတာ ဘယ်လိုမျိုးလဲ"လို့ Innie ကို
မေးခဲ့တုန်းက "အချစ်ဟာ မီးနဲ့ တူတယ်"လို့
သူက ပြန်ဖြေခဲ့သည်.....

ပူလောင်တယ်.....
ကိုယ်ပျော်ဝင်ရင် ပျော်ဝင်သလောက်
လောင်မြှိုုက်ခြင်း ခံရတယ်......

အချစ်ကို စမ်းသပ်ချင်နေတဲ့
လူတွေက ပိုးဖလံလေးတွေတဲ့......
ဒါမဲ့ လူတွေက အချစ်နဲ့ ကင်းပြီးမှ
နေလို့ မရကြပဲလေ......

အသိဉာဏ်အရှိဆုံး လူသားတွေတောင်
မတားဆီးနိုင်တဲ့အထိ ထပ်ခါထပ်ခါ
ကျရှုံးနေကြရသည်မှာ "အချစ်"ကြောင့်သာ......

ကျနော် လူကြီးကို ချစ်ပါသည်......

"ကလေး...... ရေချိုးခန်းထဲမှာလား"

ဪ......တစ်ညလုံး အဆက်အသွယ်
မလုပ်ပဲ အိမ်ပြန်မလာခဲ့တဲ့ သူက
ခုတော့ ရောက်လာရှာပြီပေါ့.....

ကျနော် မပျော်......
လူကြီး အသံကို ကြားရရင်တောင်
ကျနော် ရင်ခုန်လာတာဆိုတဲ့ စကားကို
သက်သေပြဖို့အတွက်တောင် နှလုံးခုန်သံတွေဟာ
မြန်ဆန်မလာခဲ့...... မွန်းကြပ်တယ်

•~ ENDLESS ~•Where stories live. Discover now