အဟက်.......ရီစရာတော့ အကောင်းသား
လူကြီးက noona နဖူးကို နမ်းလိုက်လို့
ကျနော် အကြီးအကျယ် ဝမ်းနည်းရပါတယ်ဆိုတဲ့
အကြောင်းကို ဋ္ဋီကာဖွင့်လို့ သူ့ကို အပြစ်တင်နေပေမဲ့
အဲ့နေ့မှာပဲ ကျနော်ဟာလည်း လူကြီးမဟုတ်တဲ့
တခြားသူတစ်ယောက်ရဲ့ နှုတ်ခမ်းထူထူတစ်စုံနဲ့
ရင်းနှီးကျွမ်းဝင်ခဲ့တာ......
အဲ့တာကို ကျနော်ကတော့ အပြစ်မရှိသလို
သူတစ်ယောက်ထဲကပဲ အပြစ်ကျူးလွန်ထားသလို......
တခါတလေတော့လည်း သေမလို အတ္တကြီးတတ်တဲ့
ကိုယ့်စိတ်ကို ကိုယ် ရိုက်နှက်ဆုံးမချင်ပါသည်.......
ကျနော့် အတ္တတိုင်းကို ရှင်သန်ကြီးထွားခွင့်
ပေးနေတဲ့ Innie ကိုလည်း "အဲ့လောက်တောင်
ချစ်တတ်ရသလားဟ" ဆိုပြီး ထုရိုက်ပစ်ချင်သည်.......
ဒါမဲ့ ကျနော် ကျိန်ပြောရဲပါသည်......
အဲ့နေ့က Innie ကို ပေးအပ်ခဲ့မိတဲ့ အနမ်းဟာ
အဖြူချည်းသက်သက်လို့ မဆိုသာပေမဲ့
ဘာရည်ရွယ်ချက်မှ မပါပဲ Innie မနာစေချင်လို့သာ
အသုံးချခံသက်သက် နမ်းခဲ့ခြင်းဖြစ်ကြောင်း......
Innie ရဲ့ တုံ့ပြန်အနမ်းတွေကို
မတွန်းဖယ်ခဲ့ခြင်းဟာလည်း
အချိန်တိုင်း ဘေးမှာရှိနေပြီး
လိုအပ်ချိန်တိုင်း အားပေးခဲ့တဲ့
လူတစ်ယောက်ကို အားနာ၍သာ
မငြင်းဆန်ခဲ့ခြင်း ဖြစ်ကြောင်း.......
ကျနော် ဖောက်ပြန်တာ မဟုတ်ကြောင်း
ကျိန်ဆိုရဲပါသည်.......
"ကလေး......"
လွင့်ပျံ့သွားမိတဲ့ အတွေးတွေကြားမှာ
သူ ရှပ်အင်္ကျီ ချွတ်လိုက်တာတောင် မသိခဲ့......
ကျနော့်ခန္ဓာကိုယ်တစ်ခုလုံးကို အပေါ်အောက်
အငမ်းမရစွာ ကြည့်ပြီးနောက်မှာတော့.......
အနမ်းကြမ်းကြမ်းတွေက နေရာအနှံ့သို့
အဆက်မပြတ် ကျရောက်လာခဲ့သည်.......
"ကိုယ် ကလေးကို လွမ်းလှပြီ....."
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
အချစ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း
နားလည်လက်ခံပေးပြီး တစ်သက်လုံး
ချစ်နေပေးလိမ့်မည်ဟု ထင်ခဲ့ဖူးသည်.....
ESTÁS LEYENDO
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 14
Comenzar desde el principio
