စိတ်ဆိုးလာရင် ကျနော့်ကို
"Xiao Luhan"ဆိုပြီး နာမည်အပြည့်အစုံ
အော်ခေါ်တတ်သူက noona ဆိုတဲ့ သူမကိုတော့
"Xing"ဆိုတဲ့ နာမ်စားက လွဲလို့
ရင့်ရင့်သီးသီး တခါမှ မခေါ်ခဲ့ဖူးကြောင်း.......

သူမကြောင့်နဲ့ ကျနော့်အပေါ်
အကြိမ်ပေါင်းများစွာ ဒေါသထွက်ခဲ့ဖူးကြောင်း.......

သူမရှေ့မှာ ကျနော့်ကို တခါမှ
"ကလေး"လို့ မခေါ်ခဲ့ဖူးကြောင်း.......

သူမနဲ့ ပက်သက်ပြီး ဖြစ်လာရတဲ့ကိစ္စတွေကြောင့်
ကျနော် အခေါက်ပေါင်းမနည်း
ရှိုက်ကြီးတငင်တွေ ငိုခဲ့ဖူးကြောင်း.......

အဟင်း...... ဘာအတွေးတွေ ခေါင်းထဲ
ဝင်လာရပြန်တာလဲ Xiao Luhan ရယ်

"ကိုယ် အခုလုပ်နေသမျှက ကိုယ်နဲ့
ကလေးနဲ့ ကောင်းဖို့အတွက်ချည်းပါပဲ.......
ကိုယ့်ကို အထင်မလွဲပါနဲ့....."

အင်္ကျီက ကြယ်သီးတစ်လုံးကို သူ
ဖြုတ်ထားလို့ လှစ်ဟနေတဲ့ သူ့ရင်အုပ်ဖွေးဖွေးကို
မြင်ရအောင်ထိ ကျနော် ခေါင်းငုံ့ချလိုက်ပြီး......

"Lu နားလည်ပါတယ်......"

နားလည်ပါတယ်.......
နားလည်ပေးဖို့ ကျနော် ကြိုးစားရမှာပေါ့
ခင်ဗျားက ကျနော် ချစ်ရသူပဲဟာ......

ကျနော် တတ်နိုင်သလောက်ထိတော့
နားလည်ပေးသွားမှာပါ...... ချစ်နေသ၍ထိ

"ဟင်...... ခေါင်းမော့ပါဦး ကလေးရဲ့"

ကျနော့်မျက်နှာကို မေးဖျားကနေ
ဆွဲမော့ယူလိုက်ပြီး တယုတယ
မေးနေတဲ့ သူ......

"ကိုယ့်ကို ယုံပေးမယ်မလား......ဟင်"

"ဟုတ်....."

အပြုံးကြီးကြီးတစ်ခု သူ့မျက်နှာပေါ်
ရောက်ရှိလာပြီး နောက်မှာတော့
ကျနော်ပါ အနည်းငယ် ပျော်ရွှင်လာတယ်......

"နောက်တခါ ကိုယ် နမ်းရင် မရှောင်ပါနဲ့......
ကိုယ်ဘယ်လောက်တောင် စိတ်မကောင်းဖြစ်သွားလဲ
သိရဲ့လား......ခွေးစုတ်လေးရဲ့"

နမ်းတာကို ရှောင်လိုက်လို့ စိတိမကောင်းဖြစ်ရတာထက်
ကိုယ့်ချစ်သူက သူများကို နမ်းလိုက်တာ ပို၍သာ၍
စိတ်မကောင်းဖြစ်ရကြောင်း တစ်နေ့တော့
ခင်ဗျားကို ရှင်းပြပါဦးမယ်......

•~ ENDLESS ~•Where stories live. Discover now