"အင်း....."

အလုပ်ကိစ္စက အမျိုးသမီးတစ်ယောက်ရဲ့
လက်ကိုချိတ်ပြီး ပျော်မြူးနေပြဖို့လား......

"ကိုယ် ပြောစရာရှိတယ်.....ကလေး"

"အင်း.....ပြော"

လည်ပင်းသားတွေကို ဖွဖွလာနမ်းရင်း
ပွတ်သီးပွတ်သပ် လာလုပ်နေတာ......

"ကလေး အထင်လွဲကောင်း လွဲနိုင်တဲ့
ကိစ္စတွေ ရှိလာလိမ့်မယ်......
ဒါမဲ့ ကိုယ့်ကို ယုံပေးပါ......"

ရှိလာမှာမဟုတ်ဘူး.....လူကြီး
ရှိပြီးသွားပြီ......
ကျနော် အထင်လွဲခဲ့ပြီးသွားပြီ......
ကျနော် ခင်ဗျားကို စိတ်နာခဲ့ပြီးသွားပြီ......

"ကလေးကိုပဲ ကိုယ် အချစ်ဆုံးဆိုတာ
ယုံကြည်ထားပေးပါ......"

ကျနော် ယုံကြည်ထားပါတယ်.......
Oh Sehun ဟာ Xiao Luhan တစ်ယောက်ထဲကိုပဲ
ချစ်ပြီး Xiao Luhan ကလည်း သူ့ရဲ့ အချစ်ဆုံးပဲလို့
ကျနော် ဇွတ်မှိတ် ယုံကြည်ထားဆဲပါ......

ကျနော့် ဝမ်းဗိုက်သားတွေကို
သူက ပွတ်သပ်နေရင်း.......

အရင်လို ခင်ဗျားရဲ့ အထိအတွေ့တွေအောက်မှာ
ကျနော် သိပ်အရည်ပျော်မကျတော့ဘူး ထင်ပါတယ်......

"အာ့!!!!"

ချော့မြူနေရင်းနဲ့တောင် နာကျင်အောင်
လုပ်နေနိုင်သေးတဲ့ ခင်ဗျားကို
တခါတခါတော့လည်း အံ့သြတယ်.....

"ကြည့်ဦး.....နီရဲသွားတာပဲ"

သူ ဖိကိုက်ချလိုက်လို့ သွားရာကြီး
ထင်းနေတော့မယ့် လည်ဂုတ်ပေါ်ကို
ပွတ်သပ်နေ၍ သူ ပြောနေသည်......

သေချာပေါက် သူ့နှုတ်ခမ်းတွေ ပြုံးနေလိမ့်မယ်......

"နာတယ်..... အဲ့ပေါ်ကို မဖိနဲ့လေ"

သွားကိုက်ရာပေါ်ကို လက်နဲ့ ထပ်ဖိနေတဲ့
သူ့အတွင်းအားတွေကြောင့် ကျနော်
တဆစ်ဆစ်နဲ့ နာကျင်လာသည်......

"ဒီဖက်လှည့်...... ကိုယ် နမ်းချင်လို့"

အမိန့်ကို နာခံဖို့ ခန္ဓာကိုယ်ရဲ့
လှုပ်ရှားမှုတွေကိုတောင် မစောင့်တော့ပဲ
သူ့က ကျနော့် ကိုယ်ကို ဆွဲလှည့်လိုက်သည်......

ဘာအဝတ်အစားမှ ကိုယ်ပေါ်မှာ ရှိမနေတာမို့
မျက်နှာက ရှိန်းတိန်းတိန်း ဖြစ်လာရတယ်......

•~ ENDLESS ~•Donde viven las historias. Descúbrelo ahora