မဝင်လာပါနဲ့ဟု တားမြစ်လို့မဖြစ်......
မနှစ်မြို့မှုတွေ လုံးဝ ပြလို့ မဖြစ်......

ကျနော်ဟာ သူ မပြောပြသ၍
ဘာမှ မသိသေးတဲ့ ခပ်ပိန်းပိန်းကောင် တစ်ယောက်......
သူ လိမ်ညာလိုတဲ့အရာတွေကို
မသိချင်ယောင်ဆောင်ပေးရမှာက
ကျနော့်တာဝန်......

သို့သော် ခုချိန်မှာ သူ့မျက်နှာလေးကိုတောင်မှ
စေ့စေ့မကြည့်ချင်...... ကျနော် ရင်တွေ နာဆဲပါ

"ထမင်း စားပြီးပြီလား....."

"အင်း....."

ကျနော် ကော်ဖီတွေ အသောက်များသွားပြီး
ထမင်းစားမဝင်တော့ဆိုတဲ့ အကြောင်းတွေ
အရေးအရာလုပ်ပြီး ပြန်ပြောပြမနေချင်တော့......
သူကလည်း အဖတ်လုပ် ဂရုစိုက်နေမှာမဟုတ်.......

ဆိုဂျူတို့ ဝိုင်တို့ သောက်တာ သိရင်
အစိုးရိမ်လွန်ပြီး ဆူပူတတ်တဲ့ Innie ကြောင့်
ကျနော် ခုနောက်ပိုင်း မသောက်ဖြစ်ခဲ့.....

အဲ့အစား Americano ခါးခါးတွေကို
တစ်ခွက်ပြီး တစ်ခွက်သောက်ရင်း.......

"ရေ တူတူ ချိုးရအောင်......ကလေး"

ဒါ ဘယ်လို မျက်နှာပြောင်တိုက်တာမျိုးလဲဟု
ကျနော် အော်ဟစ်ပလိုက်ချင်သည်.......

ရေတူတူချိုးပြီး ပွတ်သီးပွတ်သပ်
နေရအောင်ထိ သူ့ကိုမှ မကြည်ဖြူနေပဲ......

"ကိုယ့်ကို စိတ်ဆိုးနေတာလား"

နောက်ကနေ သိုင်းဖက်လိုက်ရင်း မေးလာတဲ့ သူ......

စိတ်ဆိုးနေပါတယ်ဆိုရင်တောင် ပြန်တောင်းပန်ပြီး
ချော့ဖို့ လုံးဝ အစီအစဉ်မရှိတဲ့ လူတစ်ယောက်ဆီမှာ
ကျနော့် ရင်ထဲက လောင်မြိုက်မှုတွေကို
ရှုံးနိမ့်ခြင်း အဖြစ် ဖွင့်ထုတ်မပြချင်......
ဒါက အချစ်ကြောင့် ဖြစ်လာရတဲ့ မာန......

တိတ်တိတ်နေခြင်းဟာ ဝန်ခံခြင်းဆိုတော့
ကျနော် ဘာစကားမှ ပြန်မပြောတာကို
စိတ်ကောက်နေခြင်းရယ်လို့ သူ အထင်မလွဲစေချင်.... 

ကျနော် သူ့ကို စကား ပြန်ပြောချင်စိတ်ကို မရှိတာ......

"ကိုယ် အလုပ်ကိစ္စရှိလို့
ညက ပြန်မလာဖြစ်တာ"

•~ ENDLESS ~•Tempat cerita menjadi hidup. Temukan sekarang