ဪ...... "ချစ်သူ" နဲ့ "ပါတနာ"

ဘယ်သူက ပိုအရေးပါနေတာလဲ......လူကြီးရယ်

စိတ်ဆိုးလာရင် ကျနော့်ကို
"Xiao Luhan"ဆိုပြီး နာမည်အပြည့်အစုံ
အော်ခေါ်တတ်သူက noona ဆိုတဲ့ သူမကိုတော့
"Xing"ဆိုတဲ့ နာမ်စားက လွဲလို့
ရင့်ရင့်သီးသီး တခါမှ မခေါ်ခဲ့ဖူးကြောင်း.......

သူမကြောင့်နဲ့ ကျနော့်အပေါ်
အကြိမ်ပေါင်းများစွာ ဒေါသထွက်ခဲ့ဖူးကြောင်း.......

သူမရှေ့မှာ ကျနော့်ကို တခါမှ
"ကလေး"လို့ မခေါ်ခဲ့ဖူးကြောင်း.......

သူမနဲ့ ပက်သက်ပြီး ဖြစ်လာရတဲ့ကိစ္စတွေကြောင့်
ကျနော် အခေါက်ပေါင်းမနည်း
ရှိုက်ကြီးတငင်တွေ ငိုခဲ့ဖူးကြောင်း.......

အဟင်း...... ဘာအတွေးတွေ ခေါင်းထဲ
ဝင်လာရပြန်တာလဲ Xiao Luhan ရယ်

"ကိုယ် အခုလုပ်နေသမျှက ကိုယ်နဲ့
ကလေးနဲ့ ကောင်းဖို့အတွက်ချည်းပါပဲ.......
ကိုယ့်ကို အထင်မလွဲပါနဲ့....."

အင်္ကျီက ကြယ်သီးတစ်လုံးကို သူ
ဖြုတ်ထားလို့ လှစ်ဟနေတဲ့ သူ့ရင်အုပ်ဖွေးဖွေးကို
မြင်ရအောင်ထိ ကျနော် ခေါင်းငုံ့ချလိုက်ပြီး......

"Lu နားလည်ပါတယ်......"

နားလည်ပါတယ်.......
နားလည်ပေးဖို့ ကျနော် ကြိုးစားရမှာပေါ့
ခင်ဗျားက ကျနော် ချစ်ရသူပဲဟာ......

ကျနော် တတ်နိုင်သလောက်ထိတော့
နားလည်ပေးသွားမှာပါ...... ချစ်နေသ၍ထိ

"ဟင်...... ခေါင်းမော့ပါဦး ကလေးရဲ့"

ကျနော့်မျက်နှာကို မေးဖျားကနေ
ဆွဲမော့ယူလိုက်ပြီး တယုတယ
မေးနေတဲ့ သူ......

"ကိုယ့်ကို ယုံပေးမယ်မလား......ဟင်"

"ဟုတ်....."

အပြုံးကြီးကြီးတစ်ခု သူ့မျက်နှာပေါ်
ရောက်ရှိလာပြီး နောက်မှာတော့
ကျနော်ပါ အနည်းငယ် ပျော်ရွှင်လာတယ်......

"နောက်တခါ ကိုယ် နမ်းရင် မရှောင်ပါနဲ့......
ကိုယ်ဘယ်လောက်တောင် စိတ်မကောင်းဖြစ်သွားလဲ
သိရဲ့လား......ခွေးစုတ်လေးရဲ့"

နမ်းတာကို ရှောင်လိုက်လို့ စိတိ်မကောင်းဖြစ်ရတာထက်
ကိုယ့်ချစ်သူက သူများကို နမ်းလိုက်တာ ပို၍သာ၍
စိတ်မကောင်းဖြစ်ရကြောင်း တစ်နေ့တော့
ခင်ဗျားကို ရှင်းပြပါဦးမယ်......

အဟက်.......ရီစရာတော့ အကောင်းသား
လူကြီးက noona နဖူးကို နမ်းလိုက်လို့
ကျနော် အကြီးအကျယ် ဝမ်းနည်းရပါတယ်ဆိုတဲ့
အကြောင်းကို ဋ္ဋီကာဖွင့်လို့ သူ့ကို အပြစ်တင်နေပေမဲ့
အဲ့နေ့မှာပဲ ကျနော်ဟာလည်း လူကြီးမဟုတ်တဲ့
တခြားသူတစ်ယောက်ရဲ့ နှုတ်ခမ်းထူထူတစ်စုံနဲ့
ရင်းနှီးကျွမ်းဝင်ခဲ့တာ......

အဲ့တာကို ကျနော်ကတော့ အပြစ်မရှိသလို
သူတစ်ယောက်ထဲကပဲ အပြစ်ကျူးလွန်ထားသလို......

တခါတလေတော့လည်း သေမလို အတ္တကြီးတတ်တဲ့
ကိုယ့်စိတ်ကို ကိုယ် ရိုက်နှက်ဆုံးမချင်ပါသည်.......

ကျနော့် အတ္တတိုင်းကို ရှင်သန်ကြီးထွားခွင့်
ပေးနေတဲ့ Innie ကိုလည်း "အဲ့လောက်တောင်
ချစ်တတ်ရသလားဟ" ဆိုပြီး ထုရိုက်ပစ်ချင်သည်.......

ဒါမဲ့ ကျနော် ကျိန်ပြောရဲပါသည်......

အဲ့နေ့က Innie ကို ပေးအပ်ခဲ့မိတဲ့ အနမ်းဟာ
အဖြူချည်းသက်သက်လို့ မဆိုသာပေမဲ့
ဘာရည်ရွယ်ချက်မှ မပါပဲ Innie မနာစေချင်လို့သာ
အသုံးချခံသက်သက် နမ်းခဲ့ခြင်းဖြစ်ကြောင်း......

Innie ရဲ့ တုံ့ပြန်အနမ်းတွေကို
မတွန်းဖယ်ခဲ့ခြင်းဟာလည်း
အချိန်တိုင်း ဘေးမှာရှိနေပြီး
လိုအပ်ချိန်တိုင်း အားပေးခဲ့တဲ့
လူတစ်ယောက်ကို အားနာ၍သာ
မငြင်းဆန်ခဲ့ခြင်း ဖြစ်ကြောင်း.......

ကျနော် ဖောက်ပြန်တာ မဟုတ်ကြောင်း
ကျိန်ဆိုရဲပါသည်.......

"ကလေး......"

လွင့်ပျံ့သွားမိတဲ့ အတွေးတွေကြားမှာ
သူ ရှပ်အကျႌ ချွတ်လိုက်တာတောင် မသိခဲ့......

ကျနော့်ခန္ဓာကိုယ်တစ်ခုလုံးကို အပေါ်အောက်
အငမ်းမရစွာ ကြည့်ပြီးနောက်မှာတော့.......

အနမ်းကြမ်းကြမ်းတွေက နေရာအနှံ့သို့
အဆက်မပြတ် ကျရောက်လာခဲ့သည်.......

"ကိုယ် ကလေးကို လွမ်းလှပြီ....."

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

အချစ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း
နားလည်လက်ခံပေးပြီး တစ်သက်လုံး
ချစ်နေပေးလိမ့်မည်ဟု ထင်ခဲ့ဖူးသည်.....

အနည်းဆုံးတော့ ကျနော့်အတ္တတွေကို
ခင်ဗျား နားလည်ပေးလိမ့်မည်လို့ပေါ့.....

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

To bE coNtiNueD...........

•~ ENDLESS ~•Donde viven las historias. Descúbrelo ahora