ဘာအဝတ်အစားမှ ကိုယ်ပေါ်မှာ ရှိမနေတာမို့
မျက်နှာက ရှိန်းတိန်းတိန်း ဖြစ်လာရတယ်......
နမ်းဖို့အတွက် သူ့နှုတ်ခမ်းတွေ
ရှေ့ကို အသာတိုးလာချိန်မှာ
ကျနော် ရှောင်ဖယ်လိုက်မိတယ်ထင်တယ်......
"ကလေး......"
မနေ့က တစ်ပါးသူရဲ့ နဖူးပြင်ပေါ်
ထိတွေ့ခဲ့တဲ့ နှုတ်ခမ်းပါးတွေက
ခု ကျနော်နဲ့ ထပ်ပြီး ခြယ်လှယ်ကြဦးမှာလား......
ကျနော် ရင်တွေ နာပါသည်......
အစဉ်အမြဲ ကျနော် တရှိုက်မက်မက်
နမ်းခဲ့ရတဲ့ သူ့နှုတ်ခမ်းတွေကလေ
ကျနော်မဟုတ်တဲ့ တခြားတစ်ယောက်ဆီကို
ထိတွေ့ခဲ့တယ်ဆိုတဲ့အသိက ရင်တွေနာစေပါသည်......
"မနေ့က ကျနော် လူကြီးကို တွေ့လိုက်တယ်
TV မှာ......."
မပြောပါဘူးဟု နှုတ်ခမ်းသားတွေကို
ကျိတ်ကိုက်ထားတာတောင် ဒီစကားက
ပြောဖြစ်အောင် ပြောမိလိုက်သေးသည်......
အနည်းငယ် အံ့သြသွားသော သူ့မျက်နှာမှာ
ကျနော့်အတွက် ဝမ်းနည်းပေးမှုတွေ
လိုက်ရှာပေမဲ့ ရှာမတွေ့......
အဟက်......အင်းပေါ့
သူတောင် အားမနာလို့ ဒီလုပ်ရပ်ကို
လုပ်ခဲ့ပြီးပြီပဲဟာ သူက ကျနော့်အတွက်
ဝမ်းနည်းနေပေးပါ့မလားနော်......
"အင်း...... ကိုယ်နဲ့ Yi Xing နဲ့ကို
တွေ့လိုက်တယ် မလား"
"အင်း......"
"လူကြီးက noona နဖူးကို နမ်းလိုက်တာတောင်
Camera man တွေက အမိအရ
ရိုက်ပြလိုက်သေးတယ်......သိလား"
"အဟက်..... အဲ့တာကို စိတ်ကောက်နေတာလား"
"မဟုတ်ပါဘူး...... စိတ်မကောက်ပါဘူး"
ကျနော် စိတ်မကောက်ပါဘူး......
စိတ်ကောက်နေရင် ခင်ဗျားအနမ်းတစ်ပွင့်နဲ့တင်
အရည်ပျော်ပြီး စိတ်ကောက်ပြေတတ်ခဲ့ပေမဲ့
ခုက ခင်ဗျား နမ်းမှာကိုတောင် မလိုလားတော့တာ......
ကျနော် စိတ်နာတာ......
"ကိုယ် Yi Xing ကို အကူအညီတောင်းထားတာ
ကိုယ့် partaner အဖြစ် ခဏနေပေးဖို့......"
ဆတ်ခနဲ သူ့မျက်နှာကို မော့ကြည့်မိချိန်မှာ
မျက်ရည်တစ်ပေါက်က လှိမ့်ပြီး ကျဆင်းသွားတယ်......
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 14
Start from the beginning
