ဘေးနားက အမျိုးသမီးက
Hannie ပြောပြောနေကျ noona ဆိုတဲ့
တစ်ယောက် ဖြစ်မည်ထင်သည်......
နေပါဦး..... သူ့ လူကြီးက ဘာလို့??
Hannie ရှိနေရဲ့သားနဲ့လေ......
အမျိုးသမီးတစ်ယောက်လက်ကို
ဆွဲကိုင်ထားတဲ့ မြင်ကွင်းမျိုးက.......
"Hannie....."
သူ တွန်းလိုက်လို့ အနည်းငယ်
ဘေးရောက်သွားတဲ့ ခန္ဓာကိုယ်ကို
ကျနော် တခါ သူ့ရှေ့မှာ ပြန်ရပ်စေလိုက်တယ်......
မကြည့်ပါနဲ့လား Hannie ရယ်......
ကျေးဇူးပြုပြီး......
"ဖယ်လို့..... ငါ့ရှေ့မှာ ပိတ်မထားပါနဲ့"
"Hannie......"
ဆွဲမော့စေလိုက်တဲ့ ကျနော့် လက်တွေကြား
အလိုက်သင့်ပါလာတဲ့ သူ့မျက်နှာလေးက
အလွန်ပင် ကြေကွဲနေဟန်......
နာကျည်းရိပ်တွေ ပြေးလွှားနေတဲ့
မျက်ဝန်းလှလှတွေ......
မျက်ရည်မကျမိအောင် အတင်း
ကြိုးစားထားတဲ့ နှုတ်ခမ်းတို့က
တုန်တုန်ရီရီ......
အချစ်ရေ..... ကိုယ်လည်း နာကျင်တယ်
"ကိုယ် မကြည့်စေချင်ဘူး.....Hannie"
တစ်ကြိမ်တခါလောက်တော့ အတ္တကြီးခွင့်ပေး......
စိတ်ချပါ..... ကိုယ့် အတ္တတွေဆိုရင်တောင်
မင်းကို ဘယ်တော့မှ အဆိပ်မသင့်စေရပါဘူး Hannie
ကိုယ် မင်းကို ချစ်လွန်းလို့ပါ.....
ချစ်တဲ့လူကို မနာကျင်စေချင်တာက
ကိုယ့်အတ္တမို့ပါ..... ချစ်ရတဲ့ Hannie ရေ
"ငါနဲ့ တူတူ ကြည့်ပေးမလား..... Innie ဟင်
ငါ မငိုပါဘူး...... ကတိပေးတယ်
ငါ မင်းလက်ကို ကိုင်ထားမယ်လေ......
ငါ မငိုစေရဘူး.....တကယ်"
"Hannie....."
"လာ..... ဘေးနားမှာ လာထိုင်
မင်းလက်လေး ပေး.....
ဒီလို လက်တွဲထားပြီး ကြည့်ရင်
ငါ ငိုမိတော့မှာ မဟုတ်ဘူး သိလား.....Innie"
တကယ်ပင် Hannie မျက်ရည်မကျခဲ့......
ကော်ဇော်နီပေါ်မှာ အစွမ်းကုန် ခန့်ညားနေတဲ့
သူ့လူကြီးကို ကြည့်ပြီး Hannie ပြုံးနေခဲ့သည်......
ရီဝေနေတဲ့ မျက်ဝန်းတွေကတော့
မျက်ရည် တစ်စက်မှ ကျမလာခဲ့.....
ВЫ ЧИТАЕТЕ
•~ ENDLESS ~•
Фанфикшнလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 13
Начните с самого начала
