ဗလောင်ဆူလာတဲ့ ရင်တွေက အစိုးမရ.....

သွေးကြောတွေအားလုံး ပြောင်းပြန်
စီးဆင်းကြကုန်ပြီ ထင်သည်......

တိမ်စိုင်လွှာလေးတစ်ခုက ဆော့ယူကျီဆယ်နေသလို
အထိအတွေ့တွေက ရူးစေနိုင်သည်......

ကျနော့်လည်ပင်းကို သိုင်းဖက်လာတဲ့
သူ့လက်ဖဝါးတစ်ဖက်ဆီက ခံစားနေရတဲ့
အနွေးဓါတ် လေး.......

အရာအားလုံးကို ကျနော်
မျက်ကွယ်ပြုဖို့ လုံလောက်ခဲ့ပြီ......

တုံ့ပြန်မှုတွေပါ ပေါင်းစပ်လာတဲ့
အနမ်းတစ်ခုက ကြာရှည်လာသည်......

ဖြူစင်စွာဟု ထာဝစဉ် ကြွေးကြော်ခဲ့သော
ကျနော့်အချစ်တွေက အခုတော့
အရောင်တွေ ပြောင်းကုန်ပြီထင်.......

Hannie ရေ...... ကိုယ်တို့
ဒီ့ထက် ပိုမနီးစပ်ကြရင် ကောင်းမယ်

"ရပြီ ဒီမှာ.....ခဲလုံး ထိုင်နေ
ငါ အနာကို ဆေးထည့်ပေးမယ်"

သူ့လက်ထဲက သွေးသံရဲရဲ
ခဲလုံးလေးကို မြင်မှ ကျနော်
အံ့သြနဘန်း ဖြစ်သွားရသည်.....

အသားထဲမှာ စိုက်နေတဲ့ ခဲလုံးကို
ဆွဲထုတ်လိုက်တာတောင် ကျနော်က
သူ့အနမ်းတစ်ခုကြောင့်နဲ့
မသိလိုက်သည့် အဖြစ်......

အကောင်းဆုံးထုံးဆေးဟု ပြောရလောက်အောင်
ကျနော် ဘာဆို ဘာမှ မသိခဲ့လိုက်......

ထုံဆေးကနေ မူးယစ်ဆေးတော့
မပြောင်းလဲလိုက်ပါနဲ့...... အချစ်ရယ်

~•~•~•~•~•~•~•~•~•~•~•~•~•~•~•

အရှူံးပေးထားပြီးသား ဘဝမှာတောင်
ထပ်ပြီး ဒူးထောက်လက်မြှောက်ဖို့
ဝန်မလေးတော့တဲ့ အဖြစ်.......

ပေးဆပ်ထားရတာတွေက အကုန်ပါ ဆိုတာတောင်
ပေးနိုင်သမျှကို ထပ်ပေးချင်လာသေးတယ်......

အနမ်းတစ်ခုနဲ့ ကိုယ့်တစ်ဘဝလုံးကို
သိမ်းပိုက်ကြီးစိုးလှည့်ပါတော့......အချစ်

~•~•~•~•~•~•~•~•~•~•~•~•~•~•~•

To bE coNtiNueD.......

[Unicode]

ကျောင်းပိတ်ရက်ရှည်တွေဟာ
သိပ်ကို ပျင်းဖို့ ကောင်းလွန်းတယ်......

•~ ENDLESS ~•Where stories live. Discover now