"ဒီလောက် သွေးထွက်နေတဲ့ဟာ
ပြစမ်းပါဆိုနေ....."

ခြေသလုံးကနေ တယုတယ
ဆွဲကိုင်လို့ သူ ကျနော့်ခြေထောက်က
အနာကို ကြည့်ဖို့ ကြိုးစားနေတယ်......

ဒါမဲ့ ခြေထောက်က ဘာဖြစ်မှန်း
ကျနော် ကိုယ့်ကိုကိုယ်တောင် မသိ......

"ဟင်..... ခဲ ခဲလုံးကြီး
ခဲလုံးကြီး မင်းခြေထောက်ထဲ
ဝင်နေတယ်......Innie"

မတုန်မလှုပ် ကျနော့်ပုံစံကို
ကြည့်ပြီးတော့ Hannie
စိတ်တိုလာသည်ထင်......

"Innie..... ကြားလား
ခဲလုံးကြီး မင်းခြေထောက်ထဲ
ဝင်နေတာလို့.....ဖိနပ်စီးတာတောင်
ခဲလုံး ခြေထောက်ထဲဝင်အောင်
ဘယ်လိုလမ်းလျှောက်.....ဟင် ဖိနပ်
ဖိနပ် မစီးလာဘူးလား"

ပြောရင်းနဲ့ တံခါးအဝင်ကို သူ
လှမ်းကြည့်တော့ သူ့ဖိနပ်လေးတစ်ရံသာ
ချွတ်ထားတာ တွေ့လိမ့်မည်လေ......

"In....Innie...ee"

"အာ..... ဘာလို့ငိုတာတုန်း"

"မနာဘူးလား.....ဟင်
နာနေမှန်း မသိဘူးလားလို့"

"Hannie ပြောမှ ကိုယ်သိတာ"

"ချောကလက်ကောင်ရဲ့......
ခဲလုံးကြီး မင်းခြေထောက်ထဲ
စိုက်နေတာတောင် မင်းက
မသိရအောင် ရူးနေလို့လား"

မျက်ရည်လေးဝဲပြီး ကျနော့်ကို
စိုးရိမ်တကြီး ဆူကာ ပြောနေတဲ့
သူ့ပုံစံလေးက တကယ်ကို
အသည်းယားစရာ ကောင်းလွန်းသည်.....

"Ahhhh.....Ahhh
Hannie မလုပ်နဲ့လေ"

"ခဲလုံးက ထုတ်မှ ရမှာပေါ့......
ခုတောင် အသားထဲ တော်တော်ဝင်နေပြီကို"

"မရဘူး..... ကိုယ် အရမ်းနာတယ်"

"ခုမှ နာရကောင်းမှန်း သိနေ......
ငြိမ်ငြိမ်နေ...... ထုတ်ပေးမယ်"

"Ahhhhh......မရဘူး Hannie ရ
ကိုယ် တကယ် နာတယ်"

လူက နာလွန်းလို့ မျက်ရည်တွေပါ
ဝဲတက်လာတဲ့အထိ......

ရုတ်တရက် နှုတ်ခမ်းမှာ ခံစားလိုက်ရတဲ့
အလွန် နူးညံ့တဲ့ အသားစိုင်တစ်ခု......

ကျနော့်ကို Hannie နမ်းနေတာ......

ကျနော့်နှုတ်ခမ်းကို စုပ်ယူလိုက်
ပြန်လွှတ်ပေးလိုက်နဲ့ စိတ်တိုင်းကျ
ခြယ်လှယ်နေသည်......

•~ ENDLESS ~•Where stories live. Discover now