"Hannie...... ကိုယ်ပြောတာ ကြားလား
Hannie...... Hannie"

အဆက်အသွယ် ပြတ်တောက်သွားတဲ့
ဖုန်းလေးဟာ ကြမ်းပြင်ပေါ် မညင်မသာ
ပြုတ်ကျသွားတဲ့ "ဒုတ်"ဆိုတဲ့ အသံကို
ကျနော် ကြားလိုက်ရတယ်......

ဘာတွေ ဖြစ်ကုန်တာလဲ.....
Hannie ဘာဖြစ်လို့လဲ.......

စိုးရိမ်တကြီး ပူလောင်လာတဲ့
ရင်တွေက အစိုးမရ ခုန်လာတယ်......

ဗလာနတ္ထိဖြစ်နေတဲ့ ခေါင်းနဲ့
ပြေးထွက်လာခဲ့တဲ့ ကျနော်ဟာ
ခြေထောက်မှာ ဖိနပ်ပင်
မစီးနိုင်တော့သည် အထိ......

"Hannie" ဆိုတဲ့ နာမည်ကို
တဖွဖွ ရွတ်ခေါ်နေရင်း ကျနော့်ရဲ့
သွေးခုန်နှုန်း တဒိတ်ဒိတ်ကိုတောင်
ကျနော် ပြန်ကြားနေရတယ်......

တိုက်ရဲ့ 12ထပ်ကို တရွေ့ရွေ့တက်နေတဲ့
ဓာတ်လှေကားကြီးကို ကျနော်
ကိုင်ဆောင့်ချင်စိတ် ပေါက်လာသည်အထိ......

ဘာလို့ အဲ့လောက် နှေးနေရတာလဲ......

အခန်းတံခါး ဖွင့်ဖို့ password နှိပ်နေရတဲ့
ကျနော့် လက်တွေက အင်မတန်ကို
တုန်ခါနေတယ်......
ကျနော် သေချာ နှိပ်လို့ မရ.....

နံပါတ်တွေကလည်း ဝိုးတိုးဝါးတား
ဖြစ်နေပြီး သေချာ မမြင်ရ......

စိတ်အေးအေးထားပြီး သေချာလုပ်ရင်
Hannie ရှိရာကို အမြန်ရောက်နိုင်မယ့်ဟာ.....
ခုတော့ အလကားသက်သက်
အချိန်တွေက ကြာနေရတယ်......

ကိုယ့်ကိုကိုယ်ပင် ထုရိုက်ကာ
ဆူဆဲ ပလိုက်ချင်တော့သည်......

ပွင့်သွားတဲ့ တံခါးကို အမြန်ဆွဲဖွင့်ပြီး
အထဲဝင်လိုက်တော့ ဧည့်ခန်းထဲက
ဆိုဖာပေါ်မှာ မလှုပ်မယှက် ထိုင်နေတဲ့
Hannie ကို တွေ့တယ်.....

"Hannie.....Hannie"

မျက်နှာတော် ဖူးဖူးလေးက
အနောက် လှည့်ပြီးပင်
ကျနော့်ကို ကြည့်မလာခဲ့.....

သူ့မျက်နှာရှေ့ကို ရောက်သွားသည့်တိုင်
အသက်မဲ့နေတဲ့ မျက်ဝန်းတို့က ကျနော့်ကို
မော့ပြီး မကြည့်.....

"ဖယ်....."

"ဟင်......"

သူ့ရှေ့မှာ ရပ်နေတဲ့ ကျနော့်ကို
သူက အားမရှိသော လက်ချောင်းတွေနှင့်
တွန်းဖယ်ဖို့ ကြိုးစားနေသည်လေ......

•~ ENDLESS ~•Where stories live. Discover now