ဒါမဲ့ ခြေထောက်က ဘာဖြစ်မှန်း
ကျနော် ကိုယ့်ကိုကိုယ်တောင် မသိ......

"ဟင်..... ခဲ ခဲလုံးကြီး
ခဲလုံးကြီး မင်းခြေထောက်ထဲ
ဝင်နေတယ်......Innie"

မတုန်မလှုပ် ကျနော့်ပုံစံကို
ကြည့်ပြီးတော့ Hannie
စိတ်တိုလာသည်ထင်......

"Innie..... ကြားလား
ခဲလုံးကြီး မင်းခြေထောက်ထဲ
ဝင်နေတာလို့.....ဖိနပ်စီးတာတောင်
ခဲလုံး ခြေထောက်ထဲဝင်အောင်
ဘယ်လိုလမ်းလျှောက်.....ဟင် ဖိနပ်
ဖိနပ် မစီးလာဘူးလား"

ပြောရင်းနဲ့ တံခါးအဝင်ကို သူ
လှမ်းကြည့်တော့ သူ့ဖိနပ်လေးတစ်ရံသာ
ချွတ်ထားတာ တွေ့လိမ့်မည်လေ......

"In....Innie...ee"

"အာ..... ဘာလို့ငိုတာတုန်း"

"မနာဘူးလား.....ဟင်
နာနေမှန်း မသိဘူးလားလို့"

"Hannie ပြောမှ ကိုယ်သိတာ"

"ချောကလက်ကောင်ရဲ့......
ခဲလုံးကြီး မင်းခြေထောက်ထဲ
စိုက်နေတာတောင် မင်းက
မသိရအောင် ရူးနေလို့လား"

မျက်ရည်လေးဝဲပြီး ကျနော့်ကို
စိုးရိမ်တကြီး ဆူကာ ပြောနေတဲ့
သူ့ပုံစံလေးက တကယ်ကို
အသည်းယားစရာ ကောင်းလွန်းသည်.....

"Ahhhh.....Ahhh
Hannie မလုပ်နဲ့လေ"

"ခဲလုံးက ထုတ်မှ ရမှာပေါ့......
ခုတောင် အသားထဲ တော်တော်ဝင်နေပြီကို"

"မရဘူး..... ကိုယ် အရမ်းနာတယ်"

"ခုမှ နာရကောင်းမှန်း သိနေ......
ငြိမ်ငြိမ်နေ...... ထုတ်ပေးမယ်"

"Ahhhhh......မရဘူး Hannie ရ
ကိုယ် တကယ် နာတယ်"

လူက နာလွန်းလို့ မျက်ရည်တွေပါ
ဝဲတက်လာတဲ့အထိ......

ရုတ်တရက် နှုတ်ခမ်းမှာ ခံစားလိုက်ရတဲ့
အလွန် နူးညံ့တဲ့ အသားစိုင်တစ်ခု......

ကျနော့်ကို Hannie နမ်းနေတာ......

ကျနော့်နှုတ်ခမ်းကို စုပ်ယူလိုက်
ပြန်လွှတ်ပေးလိုက်နဲ့ စိတ်တိုင်းကျ
ခြယ်လှယ်နေသည်......

ဗလောင်ဆူလာတဲ့ ရင်တွေက အစိုးမရ.....

သွေးကြောတွေအားလုံး ပြောင်းပြန်
စီးဆင်းကြကုန်ပြီ ထင်သည်......

တိမ်စိုင်လွှာလေးတစ်ခုက ဆော့ယူကျီဆယ်နေသလို
အထိအတွေ့တွေက ရူးစေနိုင်သည်......

ကျနော့်လည်ပင်းကို သိုင်းဖက်လာတဲ့
သူ့လက်ဖဝါးတစ်ဖက်ဆီက ခံစားနေရတဲ့
အနွေးဓါတ် လေး.......

အရာအားလုံးကို ကျနော်
မျက်ကွယ်ပြုဖို့ လုံလောက်ခဲ့ပြီ......

တုံ့ပြန်မှုတွေပါ ပေါင်းစပ်လာတဲ့
အနမ်းတစ်ခုက ကြာရှည်လာသည်......

ဖြူစင်စွာဟု ထာဝစဉ် ကြွေးကြော်ခဲ့သော
ကျနော့်အချစ်တွေက အခုတော့
အရောင်တွေ ပြောင်းကုန်ပြီထင်.......

Hannie ရေ...... ကိုယ်တို့
ဒီ့ထက် ပိုမနီးစပ်ကြရင် ကောင်းမယ်

"ရပြီ ဒီမှာ.....ခဲလုံး ထိုင်နေ
ငါ အနာကို ဆေးထည့်ပေးမယ်"

သူ့လက်ထဲက သွေးသံရဲရဲ
ခဲလုံးလေးကို မြင်မှ ကျနော်
အံ့သြနဘန်း ဖြစ်သွားရသည်.....

အသားထဲမှာ စိုက်နေတဲ့ ခဲလုံးကို
ဆွဲထုတ်လိုက်တာတောင် ကျနော်က
သူ့အနမ်းတစ်ခုကြောင့်နဲ့
မသိလိုက်သည့် အဖြစ်......

အကောင်းဆုံးထုံးဆေးဟု ပြောရလောက်အောင်
ကျနော် ဘာဆို ဘာမှ မသိခဲ့လိုက်......

ထုံဆေးကနေ မူးယစ်ဆေးတော့
မပြောင်းလဲလိုက်ပါနဲ့...... အချစ်ရယ်

~•~•~•~•~•~•~•~•~•~•~•~•~•~•~•

အရှံူးပေးထားပြီးသား ဘဝမှာတောင်
ထပ်ပြီး ဒူးထောက်လက်မြှောက်ဖို့
ဝန်မလေးတော့တဲ့ အဖြစ်.......

ပေးဆပ်ထားရတာတွေက အကုန်ပါ ဆိုတာတောင်
ပေးနိုင်သမျှကို ထပ်ပေးချင်လာသေးတယ်......

အနမ်းတစ်ခုနဲ့ ကိုယ့်တစ်ဘဝလုံးကို
သိမ်းပိုက်ကြီးစိုးလှည့်ပါတော့......အချစ်

~•~•~•~•~•~•~•~•~•~•~•~•~•~•~•

To bE coNtiNueD.......

•~ ENDLESS ~•Where stories live. Discover now