ဒီကလေး ဒီလောက်ထိ ရင့်ကျက်သွားတာ
ဘယ်ကြောင့်များလဲလို့.......
ဒီလောက် အငိုသန်တဲ့ Hannie ကလေ......

TV ထဲက သူ့လူကြီးက
ရှန်ပိန်တစ်ခွက်ကို လှမ်းယူလိုက်ရင်း
ထိုအမျိုးသမီးရဲ့ နဖူးကို
တယုတယ လှမ်းနမ်းလိုက်သည်......

ဘာမဟုတ်တဲ့ စီးပွားရေးသမားတွေရဲ့
စုပေါင်း dinner လေး တစ်ခုကို
အရေးတယူ တိုက်ရိုက်ထုတ်လွှင့်ပြနေတဲ့
မီဒီယာသမားတွေကို ကျနော် ကျိန်ဆဲပစ်ချင်သည်.......

ကျနော့်လက်ကို အတင်း ဆုပ်ကိုင်ထားတဲ့
သူ့လက်တွေ ပိုမို တင်းကျပ်လာပြီး နောက်မှာတော့
Hannie အားပါတရ အော်ရယ်လေတယ်......

ဟန်ဆောင်ခြင်းနဲ့ အရွဲ့တိုက်ခြင်း ပညာတွေ
မင်း ဘယ်က တတ်မြောက်ခဲ့သလဲ.....Hannie

ကိုယ်သိတဲ့ Hannie ဟာ သိပ်ကို ဖြူစင်တယ်......

"ဟင်း..... သူ သိပ်ကို ပီပြင်နေတာပဲ"

"Hannie....."

"ငါ လက်စားချေချင်တယ် Innie.....
အနည်းဆုံးတော့ သူ မသိဘူးဆိုရင်တောင်မှလေ"

ခဏတာ နွေးထွေးမှု ခံစားလိုက်ရတဲ့
ကျနော့်ရဲ့ နဖူးကို ကိုင်ပြီး
ကျနော် ကြောင်အနေမိသည်......

ဒါ လက်စားချေတာလား......Hannie
ကိုယ့်ကို အရူးလုပ်ပြီးတော့လေ......
မင်း သူ့ကို အရွဲ့တိုက် လက်စားချေဖို့ အတွက်နဲ့
ကိုယ့်နှလုံးသားကိုပါ ချနင်း အသုံးပြုရသလား......

"Innie ရယ်...... နဖူးလေးကို နမ်းလိုက်တဲ့ဟာ
အဲ့လောက်ကြီးလည်း အံ့သြမနေပါနဲ့
ဒါမဲ့နော် ငါတို့ရဲ့ ပထမဆုံး အနမ်းကို
ဒီ့ထက်တော့ ပို အဆင်ပြေပြေ
ဖြစ်ချင်တာပါ.....အဟင်း"

"ဟင်.....ခဏ
မင်းခြေထောက်က သွေးထွက်နေတာလား"

အောက်ငုံ့ကြည့်မိတော့မှ
ကော်ဇောအဖြူစွတ်စွတ်ပေါ်မှာ
အတန်ငယ်ကြီးသယောင် ထင်ရတဲ့
သွေးကွက်တစ်ကွက်က
ကျနော့် ခြေထောက်နားမှာ......

"ပြ..... ခြေထောက်ကို
ဘာဖြစ်တာလဲ"

"ဘာမှ မဖြစ်ပါဘူး....."

"ဒီလောက် သွေးထွက်နေတဲ့ဟာ
ပြစမ်းပါဆိုနေ....."

ခြေသလုံးကနေ တယုတယ
ဆွဲကိုင်လို့ သူ ကျနော့်ခြေထောက်က
အနာကို ကြည့်ဖို့ ကြိုးစားနေတယ်......

•~ ENDLESS ~•Where stories live. Discover now