လေထဲ ဆောက်ခဲ့တဲ့ အိမ်တွေ
ပြိုပျက်ကုန်ကြပါတော့.....

ကြယ်တွေ လတွေ အကုန်ပျက်သုဉ်းပြီး
ကမ႓ာကြီး အမှောင်ကျသွားပါတော့.....

လောကကြီးရေ.....ကျနော့်ကို
အရွဲ့မတိုက်ပါနဲ့တော့

ပြီးတော့ မြှားနတ်မောင်ရော.....
ဆားသိပ်ခံလိုက်ရတဲ့ ကျနော့် နှလုံးသားကို
လာယူ လှည့်ပါတော့.....

"နောင်တရတယ်ဆိုတာ
လမ်းခွဲချင်တာတော့ မဟုတ်ဘူးမလား"

"အဟက်....ဒီမေးခွန်း မင်း အရင်
စမေးတာလေ Xiao Lu"

"ကျနော် ခင်ဗျားကို အဆုံးရှုံးမခံနိုင်ဘူး.....လူကြီး"

"ကိုယ်ကလည်း မင်းကို လက်မလွှတ်ချင်ပါဘူး"

သူများတွေ စကားများကြသလို ကျနော်တို့
လက်ညှိုးတွေထိုးပြီး အော်ဟစ်မပြောခဲ့.......
ကျနော်ကလည်း သူ့ပေါင်ပေါ် အိပ်နေဆဲ.....
သူ့လက်တွေကလည်း ကျနော့်
ဆံပင်တွေ ကြားထဲ ရှိနေဆဲ.....

ဒါမဲ့ ကျနော်တို့တွေ ဝေးနေခဲ့ကြတယ်.....

မှိတ်ထားတဲ့ ကျနော့် မျက်ဝန်းတွေထဲကနေ
မျက်ရည်ပူတွေ တလှိမ့်လှိမ့် စီးကြနေခဲ့တယ်.....
ဒါပေမယ့် သူ သုတ်မပေးခဲ့.....
မမြင်တာလား.....တမင် မသုတ်ပေးချင်လို့လား

အေးစက်နေတဲ့ ပတ်ဝန်းကျင်ကြီးမှာ
သူနဲ့ ကျနော် အတန်ကြာအောင်
ငြိမ်သက်နေခဲ့တယ်.....

ရှိုက်သံတွေ ထွက်မလာဖို့
အတင်း ဖိကိုက်ထားရတဲ့
နှုတ်ခမ်းတွေက သွေးစို့စပြုလာတယ်.....

ဆံပင်တွေကြားထဲက သူ့လက်ချောင်းတွေ
အတန်ငယ် လှုပ်ရှားစ ပြုလာပြီး.....

"ထတော့လေ Lu....အိပ်ကြရအောင်"

"အင်း....."

သူ့ မျက်နှာကို လှမ်းကြည့်မိတော့
သူလည်း မျက်လုံးတွေ နီရဲနေခဲ့တယ်.....

သွေးစို့နေတဲ့ နှုတ်ခမ်းပေါ်က ဒဏ်ရာကို
လက်နဲ့ ဖွဖွပွတ်သုတ် ပေးလေရဲ့......

"ကိုယ့်ရှေ့မှာ မငိုပါနဲ့.....ကလေး
ကိုယ် ရင်တွေ နာတယ်"

တွေ့လား.....ခင်ဗျားလည်း နာကြင်ရဲ့သားနဲ့
ကျနော် ရင်တွေ ကွဲရသလို ခင်ဗျားလည်း
ရင်တွေ နာနေရဲ့သားနဲ့.....

ကျနော်ကရော.....ကျနော့်ကို
နာကျင်အောင် မလုပ်ပါနဲ့လားလို့
ပြန်တောင်းဆိုခွင့် ရှိမလား.....

"ချစ်တယ်.....လူကြီး"

ခင်ဗျားကို ချစ်ရတာ ပင်ပန်းလာပြီ.....လူကြီး
မချစ်တော့တာ မဟုတ်ဘူး.....
ကျနော် အချစ်တွေ မလျော့ပါဘူး.....
ဒါမဲ့ ကျနော် တကယ် ပင်ပန်းတယ်......

~•~•~•~•~•~•~•~•~•~•~•~•~•~•~•

အဖိုးတန် အချစ်တွေက အညှာအတာကင်းမဲ့စွာ
ပစ်ချခံရပြီးတဲ့နောက်မှာတော့.....
စိတ်ချပါ.....လူကြီး
ခင်ဗျား နောင်တရခဲ့တဲ့ အချစ်ကို
တစ်ချိန်မှာ ကျနော်ကိုယ်တိုင်
ပြည်ဖုံးကားချပေးပါ့မယ်.....
ခင်ဗျားရဲ့ နာကျင်မှုတွေမှာ
ကျနော် ပြန်လည် ပျော်ဝင်နေပါရစေ.....

~•~•~•~•~•~•~•~•~•~•~•~•~•~•~•

To bE coNtiNueD......

•~ ENDLESS ~•Where stories live. Discover now