"ဟား.....မင်း သိဖို့ မလိုဘူးလေ
ကိုယ် ပြောပြတာတွေကို မင်း
နားထောင်နေရင် ရပြီလေ"

"လူကြီးက ကျနော့်ကို အကုန် မပြောပြဘူးလေ"

"ကိုယ်က မင်းသိဖို့ လိုအပ်မယ်လို့
ထင်တဲ့ ကိစ္စတွေ အကုန် ပြောပြခဲ့တာပဲလေ....."

"ချစ်သူက အကုန် သိခွင့်မရှိဘူးလား
ဟင်....လူကြီး"

"ချစ်တာက ချစ်တာပဲ.....
ကိုယ့်ကိစ္စတိုင်း မင်း ဝင်ပါနေစရာတော့
မလိုဘူး.....Xiao Lu"

"တခြားသူတွေက အကုန်သိတယ်လေ.....
ဘာဖြစ်လို့ ကျနော်က မသိရတာလဲ.....
ကျနော်က လူကြီးရဲ့ ချစ်သူလေ.....
ကျနော်က အကုန် သိနေရမှာလေ....."

"ချစ်သူက အခွင့်အရေး အရဆုံးပါလို့
မင်းကို ဘယ်သူပြောလဲ....."

"လူကြီးအတွက် ကျနော်က
အရေးအပါဆုံး မဟုတ်ဘူးပေါ့...."

"ဟုတ်တယ်.....Xiao Lu
အချစ်ထက် အရေးကြီးတာတွေ
လောကမှာ အများကြီးပါ"

ဟင်.....ရုတ်တရက် ပြောစရာစကားတွေ
ပျောက်ဆုံးကုန်တယ်

ရင်ထဲ စူးစူးနစ်နစ်ကို နာကျင်လာတယ်.....

အဖိုးတန်အချစ်တွေက အပေါစားဆန်ကုန်တယ်.....

ခုနက အနမ်းတွေ အဆိပ်သင့်ကုန်တယ်.....

နာကျင်ခြင်းရဲ့ သက်သေတွေ
မျက်လုံးထဲကနေ
ထွက်ကျလာပြီးနောက်မှာတော့.....
ကျနော့်ကမ႓ာ အမှောင်ကျခဲ့တယ်.....

ခင်ဗျားက ကျနော့်အတွက်
အနှိုုင်းမဲ့ ဖြစ်ခဲ့ရသူပါ.....လူကြီး

"ခင်ဗျားက ကျနော့်ကို ချစ်ခဲ့မိတာကို
နောင်တရနေတာလား.....လူကြီး"

"Xiao Lu...  မင်း ဘယ်လိုကြီး
မေးလိုက်တာလဲ"

"ဖြေလေ.....ကျနော် မေးတာကို ဖြေ
နောင်တ ရတယ်မလား"

"ဟုတ်တယ်.....နောင်တရတယ်
ကိုယ်သာ မင်းကို အဲ့အချိန်မှာ
မချစ်ခဲ့ရင် ခု ဒီ့ထက်ပိုပြီး
ကိုယ် အောင်မြင်နေပြီ.....သိလား"

"အဟက်.....တကယ် နောင်တရတယ်ပေါ့"

အနာဂတ်အတွက် ဖောက်ထားတဲ့ လမ်းတွေ
ဖျက်ဆီးပစ်လိုက်ကြပါတော့.....

•~ ENDLESS ~•Where stories live. Discover now