~•~•~•~•~•~•~•~•~•~•~•~•~•~•~•
"လူကြီး....."
"ဗျာ....."
"လူကြီး....."
"ဗျာလို့......"
သူ့ရဲ့ ပေါင်ပေါ် ခေါင်းအုံးအိပ်ရင်းကနေ
ကျနော် သူ့မျက်နှာပေါ် မော့ကြည့်လိုက်တယ်.....
အပြုံးတွေ စွန်းထင်နေတဲ့ သူ့မျက်နှာဟာ
သွားစွယ်လေးတွေ ပေါ်နေပြီး
တကယ် ချစ်ဖို့ ကောင်းလွန်းတယ်.....
ကျနော် ခင်ဗျားကို စွန့်လွှတ်ဖို့ဆိုတာ
ဘယ်လိုမှ မဖြစ်နိုင်ဘူး.....လူကြီး
"Lu ဒီနေ့ Yi Xing noona နဲ့ တွေ့ခဲ့တယ်....."
အပြုံးတွေ ဘာလို့ ကွယ်ပျောက်ကုန်ရတာလဲ.....
ပြုံးနေပေးလေ.....ကျနော် စိတ်သက်သာရာရအောင်
ကျနော် မငိုမိအောင် ခင်ဗျား ပြုံးနေပေးပါလို့.....
ကျေးဇူးပြုပြီး.....
"Xing က ခေါ်တွေ့တာလား...."
"အင်း...."
"ဘာတွေ ပြောလဲ...."
ကျနော့် ဆံပင်ထဲကို ထိုးဖွနေတဲ့
သူ့ လက်ချောင်းသွယ်သွယ်တွေရဲ့
လှုပ်ရှားမှုတွေ ရပ်တန့်ကုန်တယ်......
ဘာဖြစ်လို့များလဲလေ.....
"လူကြီး ကျနော့်ကို
မသိစေချင်တဲ့ အကြောင်းတွေ....."
"ကလေးကရော.....ဘာလို့ နားထောင်ခဲ့လဲ"
နားထောင်တာက ကျနော့်
အပြစ်များ ဖြစ်သွားသလား.....လူကြီး
သူက လာပြောတာလေ.....
သူပြောလို့ ကျနော် နားထောင်ခဲ့တာလေ.....
အော်ဟစ် ပြောပလိုက်ချင်တဲ့
စကားတစ်ချို့က ရင်ထဲ ပြည့်သိပ်လို့လာတယ်.....
"ခုတော့ အလကားသက်သက်
ကလေး စိတ်ဆင်းရဲနေရပြီမလား....."
"Noona ပြောတာက အမှန်တွေပဲလေ....."
"အမှန်တရားတိုင်း မင်းသိနေဖို့
မလိုဘူးလေ....Xiao Lu"
"လူကြီးက ကျနော့်ကို ညာချင်နေတာလား"
"စကားကို မကတ်နဲ့....Xiao Lu
ကိုယ်က မင်း စိတ်မညစ်စေချင်လို့ ပြောနေတာ"
"ဒါမဲ့ ခင်ဗျားရဲ့ ကိစ္စတိုင်းကို
ကျနော်က သိချင်တယ်လေ...."
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 12
Start from the beginning
