ဟင်းချိုကို နွေးသွားအောင် ပြန်နွှေးပေးနေတဲ့
ကျနော့်ကို သူ နောက်ကနေ သိမ်းဖက်လိုက်တယ်.....
"ကလေး....."
ကျနော့်ပခုံးပေါ် တင်ထားတဲ့
သူ့မေးစိကို လှည့်နမ်းချင်မိတယ်.....
"အကြာကြီး မနွှေးနဲ့လေ....
ကလေးမှ အပူမကြိုက်ပဲနဲ့"
ကျနော် သူ့ဖက်ကို မျက်နှာလှည့်လိုက်တော့
သူကလည်း ကျနော့်ကို ကြည့်နေခဲ့တယ်......
မြတ်နိုးစွာ.....နူးညံ့စွာနဲ့.....
"ကိုယ့်ကို နမ်းချင်နေတာမလား"
"အဟက်.....ဘယ်သူ ပြောတုန်း"
"ကလေး မျက်လုံးထဲမှာ
ကိုယ် မြင်နေရတယ်လေ....."
တခြားအရာတွေပါ မြင်အောင်ကြည့်.....လူကြီး
ကျနော် ခု ခင်ဗျားကို စိတ်ပူနေတယ်.....
ခင်ဗျားထားခဲ့မှာကို ကြောက်နေတယ်......
"အင်း.....မျက်လုံး မှိတ်"
အသာ မျက်လုံးမှိတ်သွားလို့
ပြုံးစစ ဖြစ်နေတဲ့ သူ့မျက်နှာကို
ကြည့်ပြီး ကျနော် စိတ်ထဲ ဝမ်းနည်းလာတယ်.....
ခြေဖျားအသာ ထောက်လိုက်ရင်း
ချစ်ရသူရဲ့ မေးစိကို လှမ်းနမ်းမိတော့.....
ရေချိုးပြီးခါစမို့ after shave အနံ့လေးက
ကျနော့်နှာဖျားဝကို လာရောက် ကျီစယ်တယ်......
"ချီ....လူကြီး"
ကျနော့် ခန္ဓာကိုယ်တစ်ခုလုံးကို
အလွတ်ရနေတဲ့အလား သူက
မျက်စိတောင် ပြန်မဖွင့်တော့ပဲ
ကျနော့်ကို စွေ့ခနဲ ပွေ့ချီလေတယ်.....
အသာမှိတ်ထားတဲ့ သူ့ရဲ့
မျက်လုံးစင်းလေးတွေပေါ်
ခပ်ဖွဖွ နမ်းတယ်.....
ပြီးတော့ သူ့ရဲ့ နဖူးပြင်ကြီးပေါ်ကို.....
"ချတော့......ထမင်းစားမယ်လေ"
"နေရာ စုံအောင် မနမ်းဘူး....ခွေးစုတ်လေး"
"လာပါဗျာ.....ညကျမှ"
"တကယ်နော်.....ညကျရင်နော်"
"အင်းဆို.....နှာဘူးကြီးရဲ့"
ကျနော်တို့ရဲ့ ရယ်သံလေးတွေ
ထမင်းစားခန်းထဲမှာ လွှင့်ပျံနေလေရဲ့.....
ခင်ဗျားရဲ့ ရီသံ သြရှရှလေးတွေ
ကျနော် တစ်သက်လုံး ကြားပါရစေ.....
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 12
Start from the beginning
