ဆံပင်တွေကြားထဲက သူ့လက်ချောင်းတွေ
အတန်ငယ် လှုပ်ရှားစ ပြုလာပြီး.....
"ထတော့လေ Lu....အိပ်ကြရအောင်"
"အင်း....."
သူ့ မျက်နှာကို လှမ်းကြည့်မိတော့
သူလည်း မျက်လုံးတွေ နီရဲနေခဲ့တယ်.....
သွေးစို့နေတဲ့ နှုတ်ခမ်းပေါ်က ဒဏ်ရာကို
လက်နဲ့ ဖွဖွပွတ်သုတ် ပေးလေရဲ့......
"ကိုယ့်ရှေ့မှာ မငိုပါနဲ့.....ကလေး
ကိုယ် ရင်တွေ နာတယ်"
တွေ့လား.....ခင်ဗျားလည်း နာကြင်ရဲ့သားနဲ့
ကျနော် ရင်တွေ ကွဲရသလို ခင်ဗျားလည်း
ရင်တွေ နာနေရဲ့သားနဲ့.....
ကျနော်ကရော.....ကျနော့်ကို
နာကျင်အောင် မလုပ်ပါနဲ့လားလို့
ပြန်တောင်းဆိုခွင့် ရှိမလား.....
"ချစ်တယ်.....လူကြီး"
ခင်ဗျားကို ချစ်ရတာ ပင်ပန်းလာပြီ.....လူကြီး
မချစ်တော့တာ မဟုတ်ဘူး.....
ကျနော် အချစ်တွေ မလျော့ပါဘူး.....
ဒါမဲ့ ကျနော် တကယ် ပင်ပန်းတယ်......
~•~•~•~•~•~•~•~•~•~•~•~•~•~•~•
အဖိုးတန် အချစ်တွေက အညှာအတာကင်းမဲ့စွာ
ပစ်ချခံရပြီးတဲ့နောက်မှာတော့.....
စိတ်ချပါ.....လူကြီး
ခင်ဗျား နောင်တရခဲ့တဲ့ အချစ်ကို
တစ်ချိန်မှာ ကျနော်ကိုယ်တိုင်
ပြည်ဖုံးကားချပေးပါ့မယ်.....
ခင်ဗျားရဲ့ နာကျင်မှုတွေမှာ
ကျနော် ပြန်လည် ပျော်ဝင်နေပါရစေ.....
~•~•~•~•~•~•~•~•~•~•~•~•~•~•~•
To bE coNtiNueD......
[Unicode]
ကျနော် TV ကြည့်နေရာမှ အိမ်ထဲကို
လူကြီးဝင်လာတဲ့ အသံ ကြားနေရသည်......
ပြန်ရောက်တိုင်း အရင် နှုတ်မဆက်တတ်တဲ့
သူ့အကျင့်ကြောင့် ကျနော်ကပဲ
အရင် လှမ်းခေါ်လိုက်တယ်.....
"လူကြီး....ပြန်လာပြီလား"
"အင်း.....ကလေး
TV ကြည့်နေတာလား"
"ဟုတ်....နားပြီး ရေချိုးလေ
Xiao Lu ညစာ ပြင်ထားလိုက်တော့မယ်"
"ညစာထဲ popo တွေ ထည့်ထားနော်"
"အာ.....ပေါက်ကရတွေ
သွား ရေသွားချိုးတော့....."
လူကြီး ကျနော့်ကြောင့် စိတ်ရှုပ်နေတယ်ဆိုတဲ့
သူ့ရဲ့ အပြောကို ကျနော် ဘယ်လိုယုံရပါ့မလဲ......
VOCÊ ESTÁ LENDO
•~ ENDLESS ~•
Fanficလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 12
Começar do início
