"ခင်ဗျားက ကျနော့်ကို ချစ်ခဲ့မိတာကို
နောင်တရနေတာလား.....လူကြီး"

"Xiao Lu...  မင်း ဘယ်လိုကြီး
မေးလိုက်တာလဲ"

"ဖြေလေ.....ကျနော် မေးတာကို ဖြေ
နောင်တ ရတယ်မလား"

"ဟုတ်တယ်.....နောင်တရတယ်
ကိုယ်သာ မင်းကို အဲ့အချိန်မှာ
မချစ်ခဲ့ရင် ခု ဒီ့ထက်ပိုပြီး
ကိုယ် အောင်မြင်နေပြီ.....သိလား"

"အဟက်.....တကယ် နောင်တရတယ်ပေါ့"

အနာဂတ်အတွက် ဖောက်ထားတဲ့ လမ်းတွေ
ဖျက်ဆီးပစ်လိုက်ကြပါတော့.....

လေထဲ ဆောက်ခဲ့တဲ့ အိမ်တွေ
ပြိုပျက်ကုန်ကြပါတော့.....

ကြယ်တွေ လတွေ အကုန်ပျက်သုဉ်းပြီး
ကမ္ဘာကြီး အမှောင်ကျသွားပါတော့.....

လောကကြီးရေ.....ကျနော့်ကို
အရွဲ့မတိုက်ပါနဲ့တော့

ပြီးတော့ မြှားနတ်မောင်ရော.....
ဆားသိပ်ခံလိုက်ရတဲ့ ကျနော့် နှလုံးသားကို
လာယူ လှည့်ပါတော့.....

"နောင်တရတယ်ဆိုတာ
လမ်းခွဲချင်တာတော့ မဟုတ်ဘူးမလား"

"အဟက်....ဒီမေးခွန်း မင်း အရင်
စမေးတာလေ Xiao Lu"

"ကျနော် ခင်ဗျားကို အဆုံးရှုံးမခံနိုင်ဘူး.....လူကြီး"

"ကိုယ်ကလည်း မင်းကို လက်မလွှတ်ချင်ပါဘူး"

သူများတွေ စကားများကြသလို ကျနော်တို့
လက်ညှိုးတွေထိုးပြီး အော်ဟစ်မပြောခဲ့.......
ကျနော်ကလည်း သူ့ပေါင်ပေါ် အိပ်နေဆဲ.....
သူ့လက်တွေကလည်း ကျနော့်
ဆံပင်တွေ ကြားထဲ ရှိနေဆဲ.....

ဒါမဲ့ ကျနော်တို့တွေ ဝေးနေခဲ့ကြတယ်.....

မှိတ်ထားတဲ့ ကျနော့် မျက်ဝန်းတွေထဲကနေ
မျက်ရည်ပူတွေ တလှိမ့်လှိမ့် စီးကြနေခဲ့တယ်.....
ဒါပေမယ့် သူ သုတ်မပေးခဲ့.....
မမြင်တာလား.....တမင် မသုတ်ပေးချင်လို့လား

အေးစက်နေတဲ့ ပတ်ဝန်းကျင်ကြီးမှာ
သူနဲ့ ကျနော် အတန်ကြာအောင်
ငြိမ်သက်နေခဲ့တယ်.....

ရှိုက်သံတွေ ထွက်မလာဖို့
အတင်း ဖိကိုက်ထားရတဲ့
နှုတ်ခမ်းတွေက သွေးစို့စပြုလာတယ်.....

•~ ENDLESS ~•Where stories live. Discover now