အော်ဟစ် ပြောပလိုက်ချင်တဲ့
စကားတစ်ချို့က ရင်ထဲ ပြည့်သိပ်လို့လာတယ်.....
"ခုတော့ အလကားသက်သက်
ကလေး စိတ်ဆင်းရဲနေရပြီမလား....."
"Noona ပြောတာက အမှန်တွေပဲလေ....."
"အမှန်တရားတိုင်း မင်းသိနေဖို့
မလိုဘူးလေ....Xiao Lu"
"လူကြီးက ကျနော့်ကို ညာချင်နေတာလား"
"စကားကို မကတ်နဲ့....Xiao Lu
ကိုယ်က မင်း စိတ်မညစ်စေချင်လို့ ပြောနေတာ"
"ဒါမဲ့ ခင်ဗျားရဲ့ ကိစ္စတိုင်းကို
ကျနော်က သိချင်တယ်လေ...."
"ဟား.....မင်း သိဖို့ မလိုဘူးလေ
ကိုယ် ပြောပြတာတွေကို မင်း
နားထောင်နေရင် ရပြီလေ"
"လူကြီးက ကျနော့်ကို အကုန် မပြောပြဘူးလေ"
"ကိုယ်က မင်းသိဖို့ လိုအပ်မယ်လို့
ထင်တဲ့ ကိစ္စတွေ အကုန် ပြောပြခဲ့တာပဲလေ....."
"ချစ်သူက အကုန် သိခွင့်မရှိဘူးလား
ဟင်....လူကြီး"
"ချစ်တာက ချစ်တာပဲ.....
ကိုယ့်ကိစ္စတိုင်း မင်း ဝင်ပါနေစရာတော့
မလိုဘူး.....Xiao Lu"
"တခြားသူတွေက အကုန်သိတယ်လေ.....
ဘာဖြစ်လို့ ကျနော်က မသိရတာလဲ.....
ကျနော်က လူကြီးရဲ့ ချစ်သူလေ.....
ကျနော်က အကုန် သိနေရမှာလေ....."
"ချစ်သူက အခွင့်အရေး အရဆုံးပါလို့
မင်းကို ဘယ်သူပြောလဲ....."
"လူကြီးအတွက် ကျနော်က
အရေးအပါဆုံး မဟုတ်ဘူးပေါ့...."
"ဟုတ်တယ်.....Xiao Lu
အချစ်ထက် အရေးကြီးတာတွေ
လောကမှာ အများကြီးပါ"
ဟင်.....ရုတ်တရက် ပြောစရာစကားတွေ
ပျောက်ဆုံးကုန်တယ်
ရင်ထဲ စူးစူးနစ်နစ်ကို နာကျင်လာတယ်.....
အဖိုးတန်အချစ်တွေက အပေါစားဆန်ကုန်တယ်.....
ခုနက အနမ်းတွေ အဆိပ်သင့်ကုန်တယ်.....
နာကျင်ခြင်းရဲ့ သက်သေတွေ
မျက်လုံးထဲကနေ
ထွက်ကျလာပြီးနောက်မှာတော့.....
ကျနော့်ကမ္ဘာ အမှောင်ကျခဲ့တယ်.....
ခင်ဗျားက ကျနော့်အတွက်
အနှိုင်းမဲ့ ဖြစ်ခဲ့ရသူပါ.....လူကြီး
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 12
Start from the beginning
