အသာမှိတ်ထားတဲ့ သူ့ရဲ့
မျက်လုံးစင်းလေးတွေပေါ်
ခပ်ဖွဖွ နမ်းတယ်.....
ပြီးတော့ သူ့ရဲ့ နဖူးပြင်ကြီးပေါ်ကို.....

"ချတော့......ထမင်းစားမယ်လေ"

"နေရာ စုံအောင် မနမ်းဘူး....ခွေးစုတ်လေး"

"လာပါဗျာ.....ညကျမှ"

"တကယ်နော်.....ညကျရင်နော်"

"အင်းဆို.....နှာဘူးကြီးရဲ့"

ကျနော်တို့ရဲ့ ရယ်သံလေးတွေ
ထမင်းစားခန်းထဲမှာ လွှင့်ပျံနေလေရဲ့.....
ခင်ဗျားရဲ့ ရီသံ သြရှရှလေးတွေ
ကျနော် တစ်သက်လုံး ကြားပါရစေ.....

~•~•~•~•~•~•~•~•~•~•~•~•~•~•~•

"လူကြီး....."

"ဗျာ....."

"လူကြီး....."

"ဗျာလို့......"

သူ့ရဲ့ ပေါင်ပေါ် ခေါင်းအုံးအိပ်ရင်းကနေ
ကျနော် သူ့မျက်နှာပေါ် မော့ကြည့်လိုက်တယ်.....

အပြုံးတွေ စွန်းထင်နေတဲ့ သူ့မျက်နှာဟာ
သွားစွယ်လေးတွေ ပေါ်နေပြီး
တကယ် ချစ်ဖို့ ကောင်းလွန်းတယ်.....

ကျနော် ခင်ဗျားကို စွန့်လွှတ်ဖို့ဆိုတာ
ဘယ်လိုမှ မဖြစ်နိုင်ဘူး.....လူကြီး

"Lu ဒီနေ့ Yi Xing noona နဲ့ တွေ့ခဲ့တယ်....."

အပြုံးတွေ ဘာလို့ ကွယ်ပျောက်ကုန်ရတာလဲ.....
ပြုံးနေပေးလေ.....ကျနော် စိတ်သက်သာရာရအောင်
ကျနော် မငိုမိအောင် ခင်ဗျား ပြုံးနေပေးပါလို့.....
ကျေးဇူးပြုပြီး.....

"Xing က ခေါ်တွေ့တာလား...."

"အင်း...."

"ဘာတွေ ပြောလဲ...."

ကျနော့် ဆံပင်ထဲကို ထိုးဖွနေတဲ့
သူ့ လက်ချောင်းသွယ်သွယ်တွေရဲ့
လှုပ်ရှားမှုတွေ ရပ်တန့်ကုန်တယ်......
ဘာဖြစ်လို့များလဲလေ.....

"လူကြီး ကျနော့်ကို
မသိစေချင်တဲ့ အကြောင်းတွေ....."

"ကလေးကရော.....ဘာလို့ နားထောင်ခဲ့လဲ"

နားထောင်တာက ကျနော့်
အပြစ်များ ဖြစ်သွားသလား.....လူကြီး
သူက လာပြောတာလေ.....
သူပြောလို့ ကျနော် နားထောင်ခဲ့တာလေ.....

•~ ENDLESS ~•Where stories live. Discover now