ကော်ဖီခွက်ကို ယောင်ယမ်းကိုင်လိုက်မိတဲ့
ကျနော့်လက်တွေက အနည်းငယ်
တုန်ခါနေလေတယ်.....

"Noona......ကျနော့်ကို
ဘာပြောချင်နေတာလဲ"

"မင်း Hun နဲ့ မခွဲနိုင်ဘူးမလား....Luhan"

ဘယ်လို မေးခွန်းမျိုးလဲလေ......
ဘာလို့ ဒီလိုမျိုးတွေ လာပြောနေရတာလဲ.....
Manager တစ်ယောက်ရဲ့ တာဝန်တွေလား......
ငယ်သူငယ်ချင်းကို စောင့်ရှောက်ပေးနေတာလား......

ကျနော် မကြည်ဖြူဘူး.....လူကြီး

စားပွဲပေါ်ကို သူမက ပုံတစ်ချို့ တင်ပေးလိုက်ပြီး......

"အဲ့မှာ ကြည့်.....Luhan
ထွက်လာခဲ့တာ အဲ့ပုံတွေပဲ......"

ရေကူးကန်ထဲ ပျော်ရွှင်စွာ ဆော့ကစားနေတာတွေ......
ဝရံတာမှာ ဖလှယ်ခဲ့ကြတဲ့ အနမ်းပြင်းတွေ.....
သောင်ပြင်ပေါ်က လက်ချင်း ယှက်သွယ်မှုတွေ......
လူကြီးရဲ့ ကျောပြင်ပေါ် ကျနော် မင်းမူနေခဲ့တာတွေ......

အမှတ်တရတွေက ကြည်နူးဖို့ကလွဲ
တခြား ရည်ရွယ်ချက် မရှိပါစေနဲ့လား~~~~~~

"အနေအထိုင် ဆင်ခြင်ပေးပါလား......Luhan
Hun အတွက် မင်းက အနှောင့်အယှက်
ဖြစ်မနေစေချင်ဘူး......
မင်း သူ့ကို အရမ်းချစ်တာ noona သိပါတယ်"

Oh SeHun ဆိုတဲ့ လူအနားမှာ
ကျနော် ရှိမနေသင့်ပါဘူးလို့
သူမက သွယ်ဝိုက်ပြောနေတာများလား......

Hun က.....Hun ကရော??
သူ သဘောတူစွာ ကြည်ဖြူ ကြည်နူးခဲ့ပြီးမှ
အခု နောင်တ ရနေတာများလား......
ကျနော့်ကို အပြစ်တင်ချင်နေပြီလား......

ခုအခြေအနေကြီးကလေ ကျနော်က
အမျိုးသမီးတစ်ယောက်ရှေ့မှာ
အနေအထိုင် မတတ်လေခြင်းဆိုပြီး
ရှူံ့ချ ခံနေရတာများလား......

ဘာအပြစ်မှ မလုပ်ထားမိပါပဲ
သိမ်ငယ်နေရတဲ့ ခံစားချက်ကြီးက
မချစ်သင့်တဲ့ လူတစ်ယောက်ကို
နင့်နင့်သည်းသည်း ချစ်ခဲ့မိခြင်းရဲ့
အပြစ်ဒဏ်လေ ပဲလား......

ကျနော် လူကြီးရဲ့ စကားက လွဲလို့
ဘယ်သူ့စကားမှ မယုံကြည်ပါရစေနဲ့လား~~~~~~

အလိုက်တသိ ထပြန်သွားတဲ့ သူမက
ကျနော့်ကို နှုတ်ဆက်မသွားသလို
ကျနော်ကလည်း ပြန်ပြီး မပျူငှာလိုက်မိ.....

•~ ENDLESS ~•Where stories live. Discover now