Cupid သည် ကျနော့်ကို နာကျင်ပါစေတော့ဟု
မျက်ကွယ် ပြုလိုက်ပြီ ထင်သည်~~~~~~

"Luhan.....ခု Hun စိတ်တွေ ရှုပ်နေရတယ်"

ဘာလို့များလဲ.....သူ ကျနော့်ဘေးနားမှာ
မနက်ကထိတောင် ပျော်နေခဲ့သေးသည်လေ.....
ပြီးတော့ ကျနော်တောင် မသိတဲ့ဟာကို
သူမက ဘယ်လို သိနေရသည်လဲ......

"မနေ့က မင်းနဲ့ Hun နဲ့ Hwawaii တုန်းက
ပုံတွေ internet မှာ ပြန့်ကုန်တယ်.....Luhan"

"ဟင်.....ပြန့်ရအောင် ကျနော် ပုံတွေ
လျှောက်မတင်ပါဘူး"

"မဟုတ်ဘူး......Hun နောက်ကို
stalker တွေ
လိုက်နေတာ ကြာပြီ.....
Hun ကို အပုတ်ချဖို့ အတွက်
သူ့ရဲ့ မကောင်းကွက်တွေ သူ့ရဲ့
အားနည်းချက်တွေကို လိုက်ရှာနေကြတာ.....
အဲ့မှာ မင်းက သူ့ရဲ့ အားနည်းချက်
ဖြစ်နေခဲ့တယ်.....Luhan"

ဟင်......ဒါ ဘယ်လိုစကားကြီးလဲ
ကျနော်က.......ကျနော်က
လူကြီးအတွက် ဘာလို့
အားနည်းချက် ဖြစ်နေရမှာလဲ......

"Hun က မင်းနဲ့ public တွေ
သိပ်မထွက်ချင်တာ သတိထားမိတယ်မလား.....
Luhan.....မင်းအတွက် Hun က
လူကြီးတစ်ယောက်ဆိုပေမဲ့
စီးပွားရေးလောကထဲမှာတော့ သူဟာ
အရမ်းကို ထက်မြက်တဲ့လူငယ် တစ်ယောက်.....
မနာလိုတဲ့လူတွေ မကောင်းကြံနေတဲ့လူတွေ
အများကြီးပဲ.....
အတိုက်အခိုက်တွေ အရမ်းများတယ်"

လူကြီးဟာ ကျနော့်မျက်စိထဲမှာတော့
အရမ်းကို စေ့စပ်ပြည့်စုံလွန်းတဲ့
စီးပွားရေးသမားတစ်ယောက်......

အဲ့အတွေးနောက်မှာ တရိပ်ရိပ်
မြင်လာမိတာတွေက ကျနော်နဲ့
အပြင်မှာ ချိန်းတွေ့ဖို့ လုပ်တိုင်း
လူကြီး ငြင်းဆန်နေခဲ့တာတွေ......
ညသန်းခေါင်ကြီး လမ်းထိပ်ကို
လမ်းလျှောက်ထွက်ရင်း လူရှင်းတာမို့
သူ့ပါးကို လှမ်းနမ်းလိုက်တာတောင်
လမ်းလည်ခေါင်ကြီးမှာ ကျနော့်ကို
အော်ငေါက်ခဲ့တာတွေ.......

အသည်းကွဲနေချိန်မှာတော့
ပျော်စရာအမှတ်တရတွေပဲ
ခေါင်းထဲကို ရောက်လာပေးပါလို့
ကျနော် နှလုံးသားကို ဆူဆဲပစ်ချင်သည်~~~~~

"Luhan......မင်းနဲ့ Hun နဲ့
စပြီး မတွေ့ကြခင်ထဲက Hun က
ငါတို့နိုင်ငံရဲ့ အတော်ဆုံး လူငယ်
စီးပွားရေးသမားတစ်ဦးအဖြစ်
လျာထားခံခဲ့ရတာ......
မင်းသိတဲ့အတိုင်းပဲ Hun က
ပြည်တွင်းမှာသာမက ပြည်ပမှာပါ
အရမ်း အောင်မြင်နေတာ.....
ပြီးတော့ လုပ်သမျှ လုပ်ငန်းတိုင်းကလည်း
ထွန်းပေါက်တာကြီးပဲ......"

•~ ENDLESS ~•Where stories live. Discover now