"အဟား.....ငဖားလေးပါကွာ"

အမိုးပွင့် ကားပေါ်မှာ အော်ဟစ်သောင်းကျန်းခဲ့လို့
ပွယောင်းယောင်း ဖြစ်နေတဲ့ သူ့ရဲ့ ဆံပင်တွေကို
လက်နဲ့ အသာသပ်လို့ ကြည့်ကောင်းအောင်
စိတ်ရှည်လက်ရှည် ပြန်လုပ်ပေးနေမိတယ်.....

"လူကြီး....."

ဝမ်းနည်းသံ စွက်ပြီး ခေါ်လာတဲ့ စကားသံအဆုံး
ကျနော် အလန့်တကြား သူ့မျက်နှာကို ကြည့်မိတော့
မျက်ဝန်းအိမ်မှာပါ မျက်ရည်တွေက ဝေ့နေလေတယ်.....

"လူကြီး Xiao Lu ကို ဒီလို
ဂရုမစိုက်ပေးတာ ကြာပြီရယ်....."

အို.....ကလေးက ဝမ်းနည်းသွားတာလား

"ကိုယ် သိပါတယ်.....တောင်းပန်ပါတယ်
ကလေးရယ် ကိုယ် ပိုပြီး ဂရုစိုက်ပေးပါ့မယ်...."

မျက်ရည်ဥလေးတွေ ခိုတွဲနေတဲ့
မျက်တောင်ကော့လေးတွေကို အသာ ဖိနမ်းတော့
ကလေးက နှုတ်ခမ်းပါးတွေ ကွေးညွှတ်လို့
ဝမ်းပန်းတသာ လက်ခံရှာတယ်.....

"လာ.....ကလေး ဆင်းရအောင်"

Hotel အခန်းထဲကို ရောက်တာနဲ့
စပ်စုစိန်လေးက အော်ဟစ် ခုန်ပေါက်ပြီး
လှည့်ပတ်ကြည့်နေလေတယ်.....

"အိပ်ခန်းရော....ဟင်"

"ရှာမတွေ့ဘူး မလား....ကိုယ် လိုက်ပြမယ်"

အိမ်တစ်လုံးစာလောက်တောင် အကျယ်အဝန်း
ရှိတဲ့ Hotel အခန်းထဲမှာ အိပ်ခန်းကတော့
အနောက်ဘက်ကျကျမှာ သီးသန့်ဆန်စွာ
တခမ်းတနား နေရာယူထားလေတယ်.....
ဒါ့ကြောင့် ကလေး ရှာမတွေ့တာ......
ပြီးတော့ အဲ့ဒါက သူ့အတွက် suprise မို့.....

"ဟင်.....ငါးလေးတွေ ရေတွေ
အားးးး......လူကြီးရာ ပျော်လိုက်တာ"

Underwater bedroom မှာ တခါလောက်တော့
အိပ်ဖူးချင်တယ်ဆိုတဲ့ ကလေးရဲ့ စကားတစ်ခွန်းကို
အမှတ်ရစွာနဲ့ ကျနော် ဒီအခန်းကို ကြိုပြီး
booking လုပ်ထားခဲ့တာ.....

"လူကြီး လူကြီး.....Xiao Lu ကို ချီ
ငါးလေးတွေကို အနီးကပ် ကြည့်ချင်လို့"

မွေ့ရာပေါ် မတ်တပ်ရပ်ကြည့်လည်း
ရနေပေမဲ့ ကလေးဆိုးလေးက ဂျစ်တိုက်တယ်.....

ကျနော်ကလည်း သူ့ရဲ့ ချွဲနွှဲ့မှုကို သဘောကျစွာနဲ့
တင်ပါးအောက်ကနေ ပင့်လို့ မချီလိုက်တယ်......

•~ ENDLESS ~•Where stories live. Discover now