ကိုယ် ချစ်တယ်ဆိုတာကို ကလေးက
အဆုံးထိ အမြဲ ယုံကြည်ပေးနေမှာလား.....

အမူအရာတွေနဲ့ သိပ်ပြီး မဖော်ပြတတ်ပေမဲ့
ကိုယ့်နှလုံးသားရဲ့ အရှင်ဟာ ကလေးပဲ ဆိုတာကို
ထာဝရ လက်ခံပေးနေမှာလား.....

ချစ်တဲ့ အကြောင်းတွေကို စီကာပတ်ကုံး
မပြောပြတတ်တဲ့ ဒီလူဆိုးကြီး ဘေးနားမှာ
သက်ဆုံးတိုင် မခွဲ ရှိနေပေးမှာလား......

စိတ်ထဲက မပါတဲ့ စကားတွေ ပြောလို့
ကလေးကို နာကျင်အောင် လုပ်နေမိတဲ့
ကိုယ့်ကို ထားမသွားပဲ အမြဲ ချစ်နေပေးပါ့မလား.....

ကိုယ် စိတ်ပူတယ်.....ကလေး
မင်း မချစ်တော့မှာကို ကိုယ်
တကယ့်ကို စိတ်ပူမိတယ်.....

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

ဘာတွေများ လိုသေးလို့တုန်း.....
ဘာမှ ထပ်ပြီး တွေးတောနေစရာ မလိုတော့ဘူးလေ.....

အတိတ်ကိုလည်း ပြန်လည် စောင်းကြည့်နေစရာ
မလိုတော့သလို အနာဂတ်ကို တွေးပြီးလည်း
ရင်ပူ မနေချင်တော့ပါဘူး.....
ပစ္စုပ္ပန်မှာ သူက ကျနော့်ကို "ကလေး"လို့
ခေါ်နေတယ်လေ......

"ကလေး"လို့ ခေါ်ပြီးတိုင်း အခုန်မြန်လာတတ်တဲ့
သူ့နှလုံးသားလေးပေါ် မှေးစက်ရင်း ကျနော်
အသက်ရှင်ချင်ပါသည်.....

မာနတရားတွေ အညှိုးအတေးတွေ
ခဝါချထားစမ်းပါလေ......
နားထဲ ပြည့်လျှံသည်အထိ သူ့ခေါ်သံလေးအပေါ်
ကျနော် အဆုံးစွန် ယစ်မူးလိုက်ချင်ပါသည်......

~•~•~•~•~•~•~•~•~•~•~•~•~•~•~•

To be Continued......

[Unicode]

"Wahhh.....ကောင်းလိုက်တာ
လေလေးက လတ်ဆတ်ပြီး အေးနေရော"

"အဲ့လောက်တောင် ပျော်လား.....ကလေးရဲ့"

သူ့လက်လေးကို အသာ ဆုတ်ကိုင်ရင်း
ကျနော် မေးလိုက်တော့ ခွေးပေါက်လေးက
ပြုံးရွှင်လို့ ခေါင်းတဆတ်ဆတ် ငြိမ့်ပြနေလေရဲ့.....

အဲ့ကလေး အရမ်း ပျော်နေရှာတာ.....

ကားအပြင်ဘက်ကို လက်ထုတ်ပြီး
အော်ဟစ် သောင်းကျန်းနေတော့တာ.....

လေယာဉ်ပေါ်မှာတောင် အိပ်ပြီး
လိုက်မလာတော့ပဲ ခွေးပေါက်လေးက
အရမ်း စိတ်လှုပ်ရှားပြီး ပျော်နေခဲ့တာ.....

•~ ENDLESS ~•Where stories live. Discover now