ကျနော် သူ့ကို ပွေ့ချီလိုက်တော့
ကျနော့် အကြံကို သိနေတဲ့အလား
သူက ခပ်ဟဟ ရီလေရဲ့.....

ပြီးတော့ နဖူးကို ငုံနမ်းပြန်တယ်.....

"အာ.....ဒီ နဖူးပဲ လာလာခလုတ်တိုက်နေ"

"အဟက်.....ချစ်တာကိုးလို့"

သူ့ကို ခုလို ပွေ့ချီလိုက်တိုင်း
သူ လုပ်နေကျ အပြုအမူလေး တစ်ခု.....
ပုံမှန် အတိုင်းဆို အဲ့ကလေးရဲ့
အရပ်က ကျနော့်ရဲ့ ရင်ဘတ်လောက်ထိပဲ
ရှိတာမို့ သူ ခြေဖျားထောက် နမ်းရင်တောင်
မေးစိလောက်ထိပဲ မှီသည်လေ.....
အဲ့ဒါကြောင့် အခွင့်အရေး ရတိုင်း
နဖူးပဲ လာလာ နမ်းနေတော့တာ.....

အိပ်ခန်းထဲထိ ကျနော် ချီလာတဲ့
တောက်လျှောက် နဖူးကိုချည်း
ငုံ့နမ်းရင်း အဲ့ကလေးလေးက
လိုက်ပါ လာခဲ့သည်......

ကျနော် သူ့ကို မွေ့ရာပေါ် အသာချပေးလိုက်ရင်း
အပေါ်ကနေ ငုံ့မိုးပြီးတော့......

"ကလေး.....ဒီည ကိုယ့်ကို ခွင့်ပြုမယ်မလား"

"အဟိ.....အပေါ်မှာ ငါးလေးတွေက ကြည့်နေမှာဗျ
ရှက်စရာကြီးကို"

အပေါ်ကို လက်ညှိုးထိုးလို့ ရီဝေစွာ
ပြောနေတဲ့ အဲ့ကလေးကို ကျနော်
မြတ်နိုးလွန်း၍ ငုံထားချင်စိတ်ပင် ပေါက်လာသည်.....

သူ့လက်ညှိုးကို အသာ ဆွဲယူရင်း
ဖိကပ်နမ်းတော့ သူက တခိခိနဲ့ ရယ်မောလေတယ်.....

လက်ညှိုးထိပ်ကို ကျနော် အာခံတွင်းထဲထိ
ငုံထားရင်း လျှာဖျားလေးနဲ့ အသာ တို့ထိပေးလိုက်တော့
သူက မနေတတ်စွာနဲ့ လူးလွန့်လာသည်.....

"လူကြီးရဲ့ အထိအတွေ့တွေက ကျနော့်ကို
ရူးစေလောက်တယ်"လို့ သူ ပြောခဲ့တဲ့
စကားတစ်ခွန်းက တကယ့်ကို
သူ့ရင်ထဲက လာခဲ့တာ ဖြစ်ပါလိမ့်မည်.....

အမှန်တကယ်ပင် သူ မနေတတ်ပါလေ.....

"ခွင့်ပြုမယ် မလား.....ဟင် ကလေး"

"အင့်.....အင်းဆို"

"ချစ်တယ်.....အများကြီး"

တခါတရံ ဖြည့်ဆည်းပေးချင်မိတဲ့
သူ့ရဲ့ ပျော်ရွှင်မှုတွေ အတွက်တောင်မှ
နာကျင်ခြင်းတွေက ပူးတွဲပါဝင်နေသေးတယ်.....
ကလေးက နားလည်ပေးမှာလား.....

•~ ENDLESS ~•Where stories live. Discover now