"Ahh.....လိပ်ပုတ်ကြီးရဲ့
စိုကုန်ပြီ အင်္ကျီတွေ"
စူပုတ်ပုတ်နဲ့ ရန်တွေ့နေတဲ့
အနှီကလေးရဲ့ ပခုံးစွန်းတွေကို ကိုင်ပြီး
ကျနော် ရေထဲ ဖိချလိုက်တယ်.....
ရုတ်တရက်မို့ အသက်ရှူချိန် မရလိုက်တာကြောင့်
မျက်လုံးတွေ ပြူးလို့ ရုန်းကန်နေတဲ့ ကလေးရဲ့
ချယ်ရီရောင် နှုတ်ခမ်းပါးတွေကို ရေအောက်ထဲမှာ
လိုက်လံရှာဖွေလို့ ကျနော့်ရဲ့ အနမ်းတွေနဲ့
နီးကပ်စေလိုက်တယ်.....
ကျနော် ရှူသွင်းခဲ့တဲ့ လေတချို့ကို
သူ့ဆီကို မျှဝေပေးရင်းနဲ့ မွတ်သိပ်နေတဲ့
အနမ်းတစ်စုံကြား ရေတွေ ဝင်မလာရလေအောင်
ကျနော် အသည်းအသန် ကြိုးစားနေမိတယ်.....
ကလေးရဲ့ လက်တွေက ကျနော့် ပခုံးတွေပေါ်
စည်းချက်ကျကျ နေရာယူပြီးတဲ့ နောက်မှာတော့
အသက်ရှူတွေ ကြပ်တဲ့အထိ ရေအောက်ထဲမှာ
ကျနော်တို့နှစ်ယောက် ပြင်းပြင်းပြပြ
နမ်းခဲ့ကြတယ်.....
"ကလေး....."
"ဟင်....."
ညအိပ် ဝတ်စုံ ပါးပါးလေးနဲ့ အိပ်ခန်းရဲ့
ဝရံတာမှ ထွက်ရပ်နေတဲ့ ကောင်ကလေးဟာ
ကျနော့်ရဲ့ အသည်းနှလုံးလေး.....
အနောက်ကနေ သူ့ကို သိုင်းဖက်လိုက်ပြီး
လည်ပင်းသားတွေကို မထိတထိ နမ်းရှိုက်တော့
ကလေးက ရင်ခွင်ထဲကနေ မနေတတ်စွာ
လူးလွန့်နေလေရဲ့.....
ကျနော် အသည်းယားလာတာမို့
ညဝတ်အင်္ကျီလေးကို အသာ လျှောချလို့
သူ့ရဲ့ ပခုံးစွန်းကို ငုံခဲလိုက်ပေမဲ့
ကလေးက ညည်းညူသံလေး
တစ်ချက်တောင် ထွက်မလာခဲ့.....
ကြိမ်ဖန်များစွာ ရင်းနှီးကျွမ်းဝင်ဖူးတဲ့ ကျနော့်ကို
သူ အမြဲ ရှက်နေတုန်းပဲ.....
"Wine သောက်မလား....."
အနောက်ဘက်ကို လှည့်တောင် မလာပဲ
ခေါင်းငြိမ့်ပြလာတဲ့ ထိုကောင်လေးကို
ချစ်ကြည်နူးစွာနဲ့ သူ့တင်ပါးလုံးလုံးလေးကို
တစ်ချက် ဖြစ်ညှစ်လိုက်ရင်း ဝိုင်ယူဖို့
ကျနော် ထွက်လာခဲ့လိုက်တယ်......
အပြည့် ထည့်လာခဲ့တဲ့ ဝိုင်ခွက်လေး
မကုန်သေးခင်မှာပဲ ခွေးပေါက်လေးရဲ့
မျက်လုံးတွေက မှေးစင်းလို့
ရီဝေစ ပြုလာတယ်......
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 10
Start from the beginning
