"ဟင်.....ငါးလေးတွေ ရေတွေ
အားးးး......လူကြီးရာ ပျော်လိုက်တာ"
Underwater bedroom မှာ တခါလောက်တော့
အိပ်ဖူးချင်တယ်ဆိုတဲ့ ကလေးရဲ့ စကားတစ်ခွန်းကို
အမှတ်ရစွာနဲ့ ကျနော် ဒီအခန်းကို ကြိုပြီး
booking လုပ်ထားခဲ့တာ.....
"လူကြီး လူကြီး.....Xiao Lu ကို ချီ
ငါးလေးတွေကို အနီးကပ် ကြည့်ချင်လို့"
မွေ့ရာပေါ် မတ်တပ်ရပ်ကြည့်လည်း
ရနေပေမဲ့ ကလေးဆိုးလေးက ဂျစ်တိုက်တယ်.....
ကျနော်ကလည်း သူ့ရဲ့ ချွဲနွှဲ့မှုကို သဘောကျစွာနဲ့
တင်ပါးအောက်ကနေ ပင့်လို့ မချီလိုက်တယ်......
အခုမှ အပေါ်ကို လက်လှမ်းမှီသွားတဲ့ ကလေးက
ရေကန်ရဲ့ မျက်နှာပြင်ကို ဟိုတို့ဒီတို့ လုပ်ရင်း
ငါးလေးတွေကို ကလူကျီစယ်စွာ စနေလေရဲ့.....
ရုတ်တရက် နဖူးပေါ် ကျရောက်လာတဲ့
နွေးထွေးမှု တစ်ခုနဲ့ အတူ.....
"အာ.....သူများ နဖူးကို"
"ခွိ.....အသည်းယားလို့ပါ ဆိုနေ"
"အသည်းယားရင် ပါးတို့ နှုတ်ခမ်းတို့
နမ်းပေါ့.....ဘယ်နှယ့် လူကြီးရဲ့ နဖူးကို"
ပြောလိုက်တော့မှ ပိုအသည်းယားလာဟန်နဲ့
ကျနော့် နဖူးကို တပြွတ်ပြွတ် လာနမ်းနေလေရဲ့.....
အဲ့လို ဆိုးတဲ့ ကျနော့်ရဲ့ ခွေးပေါက်လေး.....
ရောက်တာတောင် မနားနိုင်ပဲ
ကျနော့်ရဲ့ ခွေးပေါက်လေးဟာ
ရေထဲ ဆင်းပြီး ဆော့ကစားဖို့အရေး
ကျနော့်ကို ပူဆာလေရဲ့.....
နေ့လည်ခင်း အချိန်ကြီးမို့
အရိပ်ရတဲ့ Hotel ရဲ့ ရေကူးကန်မှာပဲ
ကစားပါလို့ ပြောတော့ သိပ်မကျေနပ်.....
"Xiao Lu က ပင်လယ်ထဲကို
ဆင်းပြီး ရေကူးချင်တာပါဆိုနေ...."
ချွဲနွှဲ့လို့ နှုတ်ခမ်းလေး ဆူပြီး
တောင်းဆိုနေပေမဲ့ ကျနော် မလိုက်လျောချင်.....
ဒီအချိန် ရေထဲ ဆင်းရင် အဲ့ကလေး
နေမကောင်း ဖြစ်လိမ့်မယ်.....
ဂျစ်ကန်ကန် လုပ်နေပေမယ့်
ကျနော်တို့ အခန်းရဲ့ အနောက်ပေါက်က
ထွက်လိုက်တာနဲ့ ရောက်သွားတဲ့
ရေကူးကန် ပိစိလေးကို မြင်လိုက်တော့မှ
ကလေးလေးက သဘောတွေ ကျနေလေရဲ့.....
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 10
Start from the beginning
