အရမ်းချစ်တယ်.....ကိုယ့် နှလုံးသားလေးရယ်
"ကိုယ်တို့ Maldives သွားကြမယ်.....
သဘော တူတယ်ဟုတ်"
"Yes....Sir"
အဲ့လိုနဲ့ ထွက်လာဖြစ်တဲ့ ခရီးစဉ်လေးဟာ
တကယ့်ကို ပျော်စရာ အတိ.....
ကျနော့်တို့ အချစ်ခရီးလမ်းမှာ
မမေ့နိုင်မယ့် အမှတ်တရလေးအဖြစ်
ထာဝစဉ် ကျန်ရှိနေခဲ့တော့မှာ.....
"ရောက်ပြီ....ကလေး
ဒီ Hotel ပဲ"
"Wow.....5 stars hotel ကြီးကွာ
Xiao Lu ရဲ့ အချစ်တုံးကြီးက
ဘောစိကြီးပါ ဆိုနေ....."
"အဟား.....ငဖားလေးပါကွာ"
အမိုးပွင့် ကားပေါ်မှာ အော်ဟစ်သောင်းကျန်းခဲ့လို့
ပွယောင်းယောင်း ဖြစ်နေတဲ့ သူ့ရဲ့ ဆံပင်တွေကို
လက်နဲ့ အသာသပ်လို့ ကြည့်ကောင်းအောင်
စိတ်ရှည်လက်ရှည် ပြန်လုပ်ပေးနေမိတယ်.....
"လူကြီး....."
ဝမ်းနည်းသံ စွက်ပြီး ခေါ်လာတဲ့ စကားသံအဆုံး
ကျနော် အလန့်တကြား သူ့မျက်နှာကို ကြည့်မိတော့
မျက်ဝန်းအိမ်မှာပါ မျက်ရည်တွေက ဝေ့နေလေတယ်.....
"လူကြီး Xiao Lu ကို ဒီလို
ဂရုမစိုက်ပေးတာ ကြာပြီရယ်....."
အို.....ကလေးက ဝမ်းနည်းသွားတာလား
"ကိုယ် သိပါတယ်.....တောင်းပန်ပါတယ်
ကလေးရယ် ကိုယ် ပိုပြီး ဂရုစိုက်ပေးပါ့မယ်...."
မျက်ရည်ဥလေးတွေ ခိုတွဲနေတဲ့
မျက်တောင်ကော့လေးတွေကို အသာ ဖိနမ်းတော့
ကလေးက နှုတ်ခမ်းပါးတွေ ကွေးညွှတ်လို့
ဝမ်းပန်းတသာ လက်ခံရှာတယ်.....
"လာ.....ကလေး ဆင်းရအောင်"
Hotel အခန်းထဲကို ရောက်တာနဲ့
စပ်စုစိန်လေးက အော်ဟစ် ခုန်ပေါက်ပြီး
လှည့်ပတ်ကြည့်နေလေတယ်.....
"အိပ်ခန်းရော....ဟင်"
"ရှာမတွေ့ဘူး မလား....ကိုယ် လိုက်ပြမယ်"
အိမ်တစ်လုံးစာလောက်တောင် အကျယ်အဝန်း
ရှိတဲ့ Hotel အခန်းထဲမှာ အိပ်ခန်းကတော့
အနောက်ဘက်ကျကျမှာ သီးသန့်ဆန်စွာ
တခမ်းတနား နေရာယူထားလေတယ်.....
ဒါ့ကြောင့် ကလေး ရှာမတွေ့တာ......
ပြီးတော့ အဲ့ဒါက သူ့အတွက် suprise မို့.....
KAMU SEDANG MEMBACA
•~ ENDLESS ~•
Fiksi Penggemarလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 10
Mulai dari awal
