အိပ်ခန်းထဲထိ ကျနော် ချီလာတဲ့
တောက်လျှောက် နဖူးကိုချည်း
ငုံ့နမ်းရင်း အဲ့ကလေးလေးက
လိုက်ပါ လာခဲ့သည်......

ကျနော် သူ့ကို မွေ့ရာပေါ် အသာချပေးလိုက်ရင်း
အပေါ်ကနေ ငုံ့မိုးပြီးတော့......

"ကလေး.....ဒီည ကိုယ့်ကို ခွင့်ပြုမယ်မလား"

"အဟိ.....အပေါ်မှာ ငါးလေးတွေက ကြည့်နေမှာဗျ
ရှက်စရာကြီးကို"

အပေါ်ကို လက်ညှိုးထိုးလို့ ရီဝေစွာ
ပြောနေတဲ့ အဲ့ကလေးကို ကျနော်
မြတ်နိုးလွန်း၍ ငုံထားချင်စိတ်ပင် ပေါက်လာသည်.....

သူ့လက်ညှိုးကို အသာ ဆွဲယူရင်း
ဖိကပ်နမ်းတော့ သူက တခိခိနဲ့ ရယ်မောလေတယ်.....

လက်ညှိုးထိပ်ကို ကျနော် အာခံတွင်းထဲထိ
ငုံထားရင်း လျှာဖျားလေးနဲ့ အသာ တို့ထိပေးလိုက်တော့
သူက မနေတတ်စွာနဲ့ လူးလွန့်လာသည်.....

"လူကြီးရဲ့ အထိအတွေ့တွေက ကျနော့်ကို
ရူးစေလောက်တယ်"လို့ သူ ပြောခဲ့တဲ့
စကားတစ်ခွန်းက တကယ့်ကို
သူ့ရင်ထဲက လာခဲ့တာ ဖြစ်ပါလိမ့်မည်.....

အမှန်တကယ်ပင် သူ မနေတတ်ပါလေ.....

"ခွင့်ပြုမယ် မလား.....ဟင် ကလေး"

"အင့်.....အင်းဆို"

"ချစ်တယ်.....အများကြီး"

တခါတရံ ဖြည့်ဆည်းပေးချင်မိတဲ့
သူ့ရဲ့ ပျော်ရွှင်မှုတွေ အတွက်တောင်မှ
နာကျင်ခြင်းတွေက ပူးတွဲပါဝင်နေသေးတယ်.....
ကလေးက နားလည်ပေးမှာလား.....

ကိုယ် ချစ်တယ်ဆိုတာကို ကလေးက
အဆုံးထိ အမြဲ ယုံကြည်ပေးနေမှာလား.....

အမူအရာတွေနဲ့ သိပ်ပြီး မဖော်ပြတတ်ပေမဲ့
ကိုယ့်နှလုံးသားရဲ့ အရှင်ဟာ ကလေးပဲ ဆိုတာကို
ထာဝရ လက်ခံပေးနေမှာလား.....

ချစ်တဲ့ အကြောင်းတွေကို စီကာပတ်ကုံး
မပြောပြတတ်တဲ့ ဒီလူဆိုးကြီး ဘေးနားမှာ
သက်ဆုံးတိုင် မခွဲ ရှိနေပေးမှာလား......

စိတ်ထဲက မပါတဲ့ စကားတွေ ပြောလို့
ကလေးကို နာကျင်အောင် လုပ်နေမိတဲ့
ကိုယ့်ကို ထားမသွားပဲ အမြဲ ချစ်နေပေးပါ့မလား.....

ကိုယ် စိတ်ပူတယ်.....ကလေး
မင်း မချစ်တော့မှာကို ကိုယ်
တကယ့်ကို စိတ်ပူမိတယ်.....

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

ဘာတွေများ လိုသေးလို့တုန်း.....
ဘာမှ ထပ်ပြီး တွေးတောနေစရာ မလိုတော့ဘူးလေ.....

အတိတ်ကိုလည်း ပြန်လည် စောင်းကြည့်နေစရာ
မလိုတော့သလို အနာဂတ်ကို တွေးပြီးလည်း
ရင်ပူ မနေချင်တော့ပါဘူး.....
ပစ္စုပ္ပန်မှာ သူက ကျနော့်ကို "ကလေး"လို့
ခေါ်နေတယ်လေ......

"ကလေး"လို့ ခေါ်ပြီးတိုင်း အခုန်မြန်လာတတ်တဲ့
သူ့နှလုံးသားလေးပေါ် မှေးစက်ရင်း ကျနော်
အသက်ရှင်ချင်ပါသည်.....

မာနတရားတွေ အညှိုးအတေးတွေ
ခဝါချထားစမ်းပါလေ......
နားထဲ ပြည့်လျှံသည်အထိ သူ့ခေါ်သံလေးအပေါ်
ကျနော် အဆုံးစွန် ယစ်မူးလိုက်ချင်ပါသည်......

~•~•~•~•~•~•~•~•~•~•~•~•~•~•~•

To be Continued......

•~ ENDLESS ~•Where stories live. Discover now