ကလေးရဲ့ လက်တွေက ကျနော့် ပခုံးတွေပေါ်
စည်းချက်ကျကျ နေရာယူပြီးတဲ့ နောက်မှာတော့
အသက်ရှူတွေ ကြပ်တဲ့အထိ ရေအောက်ထဲမှာ
ကျနော်တို့နှစ်ယောက် ပြင်းပြင်းပြပြ
နမ်းခဲ့ကြတယ်.....

"ကလေး....."

"ဟင်....."

ညအိပ် ဝတ်စုံ ပါးပါးလေးနဲ့ အိပ်ခန်းရဲ့
ဝရံတာမှ ထွက်ရပ်နေတဲ့ ကောင်ကလေးဟာ
ကျနော့်ရဲ့ အသည်းနှလုံးလေး.....

အနောက်ကနေ သူ့ကို သိုင်းဖက်လိုက်ပြီး
လည်ပင်းသားတွေကို မထိတထိ နမ်းရှိုက်တော့
ကလေးက ရင်ခွင်ထဲကနေ မနေတတ်စွာ
လူးလွန့်နေလေရဲ့.....

ကျနော် အသည်းယားလာတာမို့
ညဝတ်အကျႌလေးကို အသာ လျှောချလို့
သူ့ရဲ့ ပခုံးစွန်းကို ငုံခဲလိုက်ပေမဲ့
ကလေးက ညည်းညူသံလေး
တစ်ချက်တောင် ထွက်မလာခဲ့.....

ကြိမ်ဖန်များစွာ ရင်းနှီးကျွမ်းဝင်ဖူးတဲ့ ကျနော့်ကို
သူ အမြဲ ရှက်နေတုန်းပဲ.....

"Wine သောက်မလား....."

အနောက်ဘက်ကို လှည့်တောင် မလာပဲ
ခေါင်းငြိမ့်ပြလာတဲ့ ထိုကောင်လေးကို
ချစ်ကြည်နူးစွာနဲ့ သူ့တင်ပါးလုံးလုံးလေးကို
တစ်ချက် ဖြစ်ညှစ်လိုက်ရင်း ဝိုင်ယူဖို့
ကျနော် ထွက်လာခဲ့လိုက်တယ်......

အပြည့် ထည့်လာခဲ့တဲ့ ဝိုင်ခွက်လေး
မကုန်သေးခင်မှာပဲ ခွေးပေါက်လေးရဲ့
မျက်လုံးတွေက မှေးစင်းလို့
ရီဝေစ ပြုလာတယ်......

ကျနော် သူ့ကို ပွေ့ချီလိုက်တော့
ကျနော့် အကြံကို သိနေတဲ့အလား
သူက ခပ်ဟဟ ရီလေရဲ့.....

ပြီးတော့ နဖူးကို ငုံနမ်းပြန်တယ်.....

"အာ.....ဒီ နဖူးပဲ လာလာခလုတ်တိုက်နေ"

"အဟက်.....ချစ်တာကိုးလို့"

သူ့ကို ခုလို ပွေ့ချီလိုက်တိုင်း
သူ လုပ်နေကျ အပြုအမူလေး တစ်ခု.....
ပုံမှန် အတိုင်းဆို အဲ့ကလေးရဲ့
အရပ်က ကျနော့်ရဲ့ ရင်ဘတ်လောက်ထိပဲ
ရှိတာမို့ သူ ခြေဖျားထောက် နမ်းရင်တောင်
မေးစိလောက်ထိပဲ မှီသည်လေ.....
အဲ့ဒါကြောင့် အခွင့်အရေး ရတိုင်း
နဖူးပဲ လာလာ နမ်းနေတော့တာ.....

•~ ENDLESS ~•Where stories live. Discover now