"ဝတ်ချင်ပါဘူးဗျာ.....ဒီတိုင်း ကူးမှာ"
ပါးမို့လေးတွေ ရဲသွေးနေတဲ့ ကောင်လေးကို
ကျနော် ပွေ့ချီပြီးတော့ ရေထဲ ဆင်းဖို့
ကန်နားကို လမ်းလျှောက်လာလိုက်တယ်.....
"လူဆိုး ကောင်ကြီး"
"ဟေ့ကောင်လေး.....ဘယ်သူ့ကို ပြောတာလဲ"
"ခင်ဗျားကြီးကို မပြောပါဘူးနော်.....
Xiao Luhan ရဲ့ အချစ်တုံးကြီးကို ပြောတာ"
"ခွေးပေါက်လေး....."
ရေကူးချင်တယ်လို့ သူပဲ ပူဆာပြီးတော့
တကယ်တမ်းကျတော့ ခြေထောက်တွေသာ
ရေထဲ စိမ်ထားပြီး ကန်ဘောင်ပေါ်ထိုင်ကာ
ကျနော် ရေကူးတာကို ထိုင်ကြည့်နေလေရဲ့.....
အမှန်က ရေကူးကန်အဝိုင်းကျဉ်းလေးထဲမှာ
ဟိုဖက်သည်ဖက် ရေကူးရတာ သိပ်တော့
အဆင်ပြေလှသည် မဟုတ်.....
ကျနော် သူရှိနေတဲ့ဖက်ကို တခါ
ပြန်ကူးသွားလိုက်ပြီး ကလေးရဲ့
ပေါင်ဖွေးဖွေးတွေပေါ် လက်တင်ပြီး
အမောဖြေနေလိုက်တယ်.....
"ခွေးစုတ်....ရေထဲ မဆင်းတော့ဘူးလား"
"လူကြီး ရေကူးနေတာ ကြည့်လို့ ကောင်းလို့"
"ကိုယ် perfect ဖြစ်မှန်း ကိုယ် သိပြီးသား...."
"ရွဲ့ပြောလို့ ပြောမှန်း မသိတဲ့ လိပ်ကြီး....."
"ဘာ.....ဘာပြောတယ်"
"လိပ်ကြီးလို့.....လိပ်ကြီး"
ကျနော် အသည်းယားလာတာမို့ သူ့ရဲ့
ခြေထောက်နှစ်ဖက်ကို ကိုင်လို့
ရေထဲကို ဆွဲချပလိုက်တယ်.....
"Ahh.....လိပ်ပုတ်ကြီးရဲ့
စိုကုန်ပြီ အကျႌတွေ"
စူပုတ်ပုတ်နဲ့ ရန်တွေ့နေတဲ့
အနှီကလေးရဲ့ ပခုံးစွန်းတွေကို ကိုင်ပြီး
ကျနော် ရေထဲ ဖိချလိုက်တယ်.....
ရုတ်တရက်မို့ အသက်ရှူချိန် မရလိုက်တာကြောင့်
မျက်လုံးတွေ ပြူးလို့ ရုန်းကန်နေတဲ့ ကလေးရဲ့
ချယ်ရီရောင် နှုတ်ခမ်းပါးတွေကို ရေအောက်ထဲမှာ
လိုက်လံရှာဖွေလို့ ကျနော့်ရဲ့ အနမ်းတွေနဲ့
နီးကပ်စေလိုက်တယ်.....
ကျနော် ရှူသွင်းခဲ့တဲ့ လေတချို့ကို
သူ့ဆီကို မျှဝေပေးရင်းနဲ့ မွတ်သိပ်နေတဲ့
အနမ်းတစ်စုံကြား ရေတွေ ဝင်မလာရလေအောင်
ကျနော် အသည်းအသန် ကြိုးစားနေမိတယ်.....
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 10
Start from the beginning
