အခုမှ အပေါ်ကို လက်လှမ်းမှီသွားတဲ့ ကလေးက
ရေကန်ရဲ့ မျက်နှာပြင်ကို ဟိုတို့ဒီတို့ လုပ်ရင်း
ငါးလေးတွေကို ကလူကျီစယ်စွာ စနေလေရဲ့.....

ရုတ်တရက် နဖူးပေါ် ကျရောက်လာတဲ့
နွေးထွေးမှု တစ်ခုနဲ့ အတူ.....

"အာ.....သူများ နဖူးကို"

"ခွိ.....အသည်းယားလို့ပါ ဆိုနေ"

"အသည်းယားရင် ပါးတို့ နှုတ်ခမ်းတို့
နမ်းပေါ့.....ဘယ်နှယ့် လူကြီးရဲ့ နဖူးကို"

ပြောလိုက်တော့မှ ပိုအသည်းယားလာဟန်နဲ့
ကျနော့် နဖူးကို တပြွတ်ပြွတ် လာနမ်းနေလေရဲ့.....
အဲ့လို ဆိုးတဲ့ ကျနော့်ရဲ့ ခွေးပေါက်လေး.....

ရောက်တာတောင် မနားနိုင်ပဲ
ကျနော့်ရဲ့ ခွေးပေါက်လေးဟာ
ရေထဲ ဆင်းပြီး ဆော့ကစားဖို့အရေး
ကျနော့်ကို ပူဆာလေရဲ့.....

နေ့လည်ခင်း အချိန်ကြီးမို့
အရိပ်ရတဲ့ Hotel ရဲ့ ရေကူးကန်မှာပဲ
ကစားပါလို့ ပြောတော့ သိပ်မကျေနပ်.....

"Xiao Lu က ပင်လယ်ထဲကို
ဆင်းပြီး ရေကူးချင်တာပါဆိုနေ...."

ချွဲနွှဲ့လို့ နှုတ်ခမ်းလေး ဆူပြီး
တောင်းဆိုနေပေမဲ့ ကျနော် မလိုက်လျောချင်.....
ဒီအချိန် ရေထဲ ဆင်းရင် အဲ့ကလေး
နေမကောင်း ဖြစ်လိမ့်မယ်.....

ဂျစ်ကန်ကန် လုပ်နေပေမယ့်
ကျနော်တို့ အခန်းရဲ့ အနောက်ပေါက်က
ထွက်လိုက်တာနဲ့ ရောက်သွားတဲ့
ရေကူးကန် ပိစိလေးကို မြင်လိုက်တော့မှ
ကလေးလေးက သဘောတွေ ကျနေလေရဲ့.....

"လူကြီး.....ခဏ နေဦး"လို့ ပြောပြီး
ထွက်သွားတဲ့ ကလေးလေးက အခုတော့
ပန်းပွင့်ပုံဆန်းဆန်းတွေ ပါတဲ့
အကျႌဖားဖားကြီးကို ဝတ်လို့ ပြန်ရောက်လာလေရဲ့.....
လက်ထဲမှာလည်း ကျနော့်အတွက် အကျႌတစ်ထည်နဲ့.....

ဝတ်ထားတဲ့ T-shirt ကို ကျနော် ဆွဲလှန်ချွတ်လိုက်တော့
ကလေးက မျက်လုံး အသာလွှဲလို့ သူ ယူလာတဲ့
အကျႌကြီးကို အတင်း ထိုးပေးလေရဲ့.....

"ကလေးကလည်း.....ရေကူးပါမယ်ဆို
အကျႌချွတ်မှ ရမှာပေါ့"

"အာ.....ဝတ်ပြီး ကူးလည်း ရနေတာပဲကို"

•~ ENDLESS ~•Where stories live. Discover now