မရတော့ဘူး.....ခုအချိန်မှာ
သူ့အသံကို ကြားရမှ ဖြစ်မယ်
Innie ဆီ ဖုန်းဆက်ဖို့ အပြင်.....
"ကလေး...."
ကျနော့် အကြည့်တွေကို ph screen ကနေ
ခပ်သာသာ အကြည့်လွှဲရင်း မြင်နေရတဲ့
ရှူးဖိနပ်ကစလို့ တဖြည်းဖြည်းချင်း
အပေါ်မော့ကြည့်မိတဲ့ အခါမှာ
ပြီးပြည့်စုံလွန်းတဲ့ ယောကျာ်းတစ်ယောက်ဟာ
ကျနော့်ရှေ့မှာ ရပ်နေခဲ့တယ်.....
ဘေးနားမှာက အမျိုးသမီး
တစ်ယောက်နဲ့ အတူ.....
ရက်ပေါင်းများစွာ လွမ်းနေရတဲ့ သူရဲ့
အိမ်အပြန်ခရီးကို ဝမ်းပန်းတသာ ကြိုဆိုဖို့ရာ
ကမ်းလင့်တဲ့ အပြုံးမျိုး ကျနော်
ပြုံးမပြနိုင်ခဲ့.....
ကလေးမျက်နှာကို ကြည့်တာနဲ့
ဘာဖြစ်နေမှန်း သိတယ်လို့ တဖွဖွ ပြောပြီး
တကယ်တမ်းကျ ဘာမှ မသိတဲ့ သူကလည်း
ကံကောင်းထောက်မစွာနဲ့ပဲ
ကျနော့် အပြုံးတွေ မပီပြင်တာကို
သတိမထားမိခဲ့.....
သူနဲ့ အတူ ပြန်လာတဲ့
အနှီ အမျိုးသမီးဟာ
ကျနော့်ကို တောင်စဉ်ရေမရ
စကားတွေ တတွတ်တွတ် လာပြောလို့
ရင်းနှီးဖော်ရွေချင်ယောင် ဆောင်နေလေတယ်......
စိတ်ထဲမှာ မွန်းကြပ်လို့ လာတယ်.....
ဒီမွန်းကြပ်မှုဟာ Innie နဲ့ တွေ့လိုက်ရရင်
ပျောက်ကွယ်သွားမှာလားလို့ မရေမရာ
တွေးလိုက်မိတဲ့ အချိန်မှာတော့
ကျနော့်ကို ကျနော် အကြီးအကျယ်
ထိတ်လန့်စ ပြုလာတယ်.....
အနားမှာ ရှိနေတဲ့ သူထက်
အဝေးက လူကို မျှော်မှန်း တမ်းတတ်တာ
ကျနော့်ရဲ့ ဉာဉ်ဆိုးများ ဖြစ်နေခဲ့ပြီလား.....
ကားနဲ့ အတူ Jin Woo hyung က
အိမ်ပြန်ဖို့ အတွက် အသင့်စောင့်နေတယ်.....
Zhang Yi Xing Noona ကို အိမ်ပြန်
လိုက်ပို့ပြီးတဲ့ အထိ ကျနော်က
ပြုံးပြုံးရွှင်ရွှင် မရှိလေတော့ လူကြီးက
မေးလေပြီ.....
"နေမကောင်းဘူးလား....ကလေး"
"ဟင့်အင်း.....ကောင်းတယ်"
"ဘာလို့ မျက်နှာ မကြည်သာတုန်း
စာမေးပွဲမှာ မရခဲ့တာ ရှိလို့လား...."
"ကျနော် အကုန် ဖြေနိုင်ခဲ့တာပါ"
"အဲ့ဒါနဲ့များ ဘာလို့လဲ....ကလေးရယ်
ဪ....ကိုယ့်ကို စိတ်ကောက်နေတာလား"
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 9
Start from the beginning
