ကြင်နာခြင်းတွေ လွှမ်းခြုံပြီး
နွေးထွေးတဲ့ အကြည့်တွေထက်
ကျနော့်ကို ရမ္မက်ဆန်စွာ
သိမ်းပိုက်အနိုင်ယူလိုစိတ်တွေ များတဲ့
မျက်ဝန်းစူးစူးတွေမှာ ပိုပျော်ဝင်မိခဲ့လေတော့.....
မိုက်တွင်းနက်ခဲ့တာပေါ့.....
နာကျင်ရမယ့် လမ်းကို ကိုယ်တိုင်
ရွေးပြီး လျှောက်ခဲ့တာ.....
တကိုယ်တော် နာကျင်ရတာကို
မကျေနပ်နိုင်လို့ ကျနော့်ကို
အရာအားလုံးထက် ပိုချစ်တဲ့ သူ့ကိုပါ
အတူ နာကျင်စေခဲ့တယ်.....
ငါ့အနားကနေ ထွက်သွားလိုက်ပါတော့လို့
မြတ်နိုးမိသူကို တောင်းဆိုမိချိန်မှာ သူက
Hannie ကိုယ့်ကို မချစ်တော့တာမို့လို့လားဆိုတဲ့
မေးခွန်းတစ်ခုနဲ့ ကျနော့်ရဲ့ အတ္တတွေကို
ဆက်လက် ရှင်သန်စေခဲ့တယ်......
ဒါဆို ငါ့ဘေးမှာ အမြဲ ရှိနေပေးမလားလို့
ကျနော် မေးလိုက်တဲ့ အခါမှာတော့
သူဟာ ကျနော် အလွန် မြတ်နိုးမိတဲ့
အပြုံးနုနုတွေကို ခြွေချရင်းနဲ့
ဝမ်းပန်းတသာ ခေါင်းညိမ့် လက်ခံခဲ့တယ်......
အဲ့ဒီ့နောက်မှာတော့ မြတ်နိုးမိသူဟာ
ကျနော့် လက်ဖဝါးနှစ်ဖက်ကို
ခပ်တင်းတင်း ဆုပ်ကိုင်လာရင်း နဖူးထက်က
သူ သိပ်ချစ်တဲ့ မှဲ့နက်လေးပေါ်
အနမ်းဖွဖွတစ်ချက် ရိုက်နှိပ်ခဲ့တယ်......
သေရာပါမယ့် ဒဏ်ရာပါ.....Innie ရယ်
သူ ဆိုပြခဲ့ဖူးတဲ့ သီချင်းတစ်ပုဒ်ကို
အကြောင်းပြုလို့ ပြန့်သွားမိတဲ့
ကျနော့်ရဲ့ အတွေးတွေဟာ
တောင်စဉ်ရေမရ......
ပြန်လာတော့မယ့် ကျနော့်ချစ်ရသူကို
မလွမ်းပဲနဲ့ သူ့ကို ပိုပြီး သတိရနေမိတာက
ကျနော့်ရဲ့ ဖောက်ပြန်မိုက်မဲမှု တစ်ခုလေပဲလား.....
"မနက်ဖြန် လူကြီး ပြန်လာမှာ.....
အာ့ကြောင့် စာမေးပွဲပြီးတာနဲ့
Hannie လေဆိပ်မှာ သွားကြိုမှာ" ဆိုတဲ့
ကျနော့်ရဲ့ စကားကို နာခံတတ်စွာနဲ့
သူဟာ ဖြေနိုင်တယ်ဟုတ် ဆိုတဲ့
အမြဲ မေးနေကျ မေးခွန်းလေးတစ်ခုကို
အကြောင်းပြပြီးတောင် ကျနော့်ဆီ
ဖုန်းတစ်ချက် ဆက်မလာခဲ့......
ငါ လွမ်းနေတာကို မင်း မခံစားမိလို့လား.....
ဒါမှမဟုတ် မင်းရဲ့ အလိုက်သိမှုတွေနဲ့
ကိုယ့်ကိုကိုယ်ပဲ အတင်းအကျပ်
ချုပ်နှောင်ထားလေသလား......Innie
DU LIEST GERADE
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 9
Beginne am Anfang
