မြတ်နိုးရသူဟာ ကြိုတင်
ရည်ရွယ်ထားလေသလား.....
အစီအစဉ်မရှိပဲနဲ့လား ကျနော်
သေချာ မသိပေမဲ့ သူဟာ
ဒီသီချင်းလေးကို ရင်ဘတ်ကြီးနဲ့
ခံစားလို့ ရည်ညွှန်းဆိုပြခဲ့တယ်......

ကျနော့် ဆုံးဖြတ်ချက်ကို သိနေတဲ့အလား
သူဟာ ဒီသီချင်းကို ဆိုပြနေတဲ့ အချိန်မှာ
မျက်ရည်တွေ ဝိုင်းနေခဲ့တယ်.....

အသံတွေ မတုန်လာအောင်
ထိန်းချုပ်ပြီး ဆိုရင်းနဲ့တောင်
ဂစ်တာကြိုးတွေပေါ် ပြေးလွှားနေတဲ့
သူ့ရဲ့ လက်အစုံဟာ တုန်ခါနေမှန်း
ကျနော် သိလိုက်ရတဲ့ အချိန်မှာ
သူ့ ဘေးနား ကပ်ထိုင်နေရင်းနဲ့ကို
ယူကြုံးမရစွာ ငိုကြွေးခဲ့မိတယ်......

နောက်မှာတော့ ကြေကွဲနေတဲ့
သူ့ပုံစံကို ဆက်ပြီး မြင်နေရရင်
ကျနော့် ဆုံးဖြတ်ချက်တွေ
မပြတ်သားနိုင် ဖြစ်သွားမှာစိုးလို့
မြတ်နိုးမိသူရဲ့ ဝေးရာကနေ
ပြေးထွက်ခဲ့တယ်......

သူ့ကို ပိုချစ်မိသွားလို့ ငါ့ကို
ခွင့်လွှတ်ပေးပါလို့ ပြောဖို့ကို
စဉ်းစားထားခဲ့ပေမဲ့ တကယ်တမ်းကျ
ကျနော် မပြောပြဖြစ်ခဲ့.....

အဲ့ဒီအစား ရုံးခန်းထဲမှာ အလုပ်တွေကြား
ခေါင်းမြှုပ်နေရှာတဲ့ ကျနော့်ရဲ့
ပိုချစ်ရတဲ့သူထံ ချက်ချင်း အပြေးသွားလို့
သူ့ရင်ခွင်ထဲ ခေါင်းအပ် ငိုကြွေးရင်း
"ချစ်တယ်"ဆိုတဲ့ စကားကို
အထပ်ထပ်ပြောကာ အဖြေပေးခဲ့တယ်.....

"ကလေးကကွာ.....ကိုယ့်ကို
romantic ဆန်ဆန်လေးတော့
အဖြေမပေးဘူး"လို့ အပြစ်တင်ချင်သလို
ညည်းညူနေတဲ့ သူရဲ့ ပခုံးစွန်းတွေကို
အားကိုးတကြီး ဖက်တွယ်လို့
ကျနော် ကျယ်လောင်စွာ
အော်ဟစ် ငိုကြွေးခဲ့တယ်......

ကျနော် မစွန့်လွှတ်ချင်ရဲ့သားနဲ့.....
ဖက်တွယ်ထားလို့လည်း ရပါရဲ့သားနဲ့.....
အတင်းကို လက်လွှတ်ဖို့ ကြိုးစားမိချိန်မှာ
မခံစားနိုင်တော့လောက်အောင်
အရမ်းကို ပင်ပန်းခဲ့တယ်.....

အမိန့်ဆန်ဆန်နဲ့ အထက်စီး စကားသံတွေကို
ငဲ့ညာခြင်းတွေ အပြည့်နဲ့ ချစ်ခြင်းတွေပါတဲ့
စကားသံတွေထက် ပိုပြီး ရင်ခုန်မိခဲ့တာ.....

•~ ENDLESS ~•Where stories live. Discover now