"Beeez.....Beeez"

Jongin ဘာပြန်ဖြေလို့ ဖြေရမှန်း
စဉ်းစားရကျပ်နေတုန်းမှာပဲ Luhan ဖုန်းကနေ
vibrate သံက ပေါ်လာခဲ့တယ်.....

ဘေးနားမှာ ချထားတဲ့ ဖုန်းကို Luhan
အမြန် ကောက်ကိုင်လိုက်ပြီးတော့.....

"Innie....လူကြီး ဖုန်းဆက်တာ"

တောင်းပန် တိုးလျှိုးသလိုနဲ့
အားနာနေတဲ့ အကြည့်တွေ.....
ကိုယ် ရင်တွေ နာတယ်......အချစ်ရယ်

"ကိုယ် ဧည့်ခန်းထဲ TV သွားကြည့်လိုက်ဦးမယ်နော်"

"အသံမထွက်ပဲ နေပေးပါလား.....Innie
ငါ မင်းရောက်နေတယ်ဆိုတာ လူကြီးကို
မပြောချင်တော့လို့"

"အော်....အင်းပါ"

Jongin ထွက်သွားပြီဆိုတော့မှ Luhan video call ကို လက်ခံဖို့ answer key ကို နှိပ်လိုက်တယ်.....

"လူကြီး....လွမ်းနေတာ"

တံခါးပိတ်ဖို့ လှမ်းထားတဲ့ ကျနော့် လက်တွေ
အလိုလို နေရင်းနဲ့ကို တုန်ရီချင်လာတယ်.....
Shit.....နာကျင်မှုတွေကို တခါမှ မခံစားခဲ့ရဖူးသလိုမျိုး

အင်းလေ.....သူ့လူကြီးနဲ့ အဆင်ပြေနေတဲ့ အချိန်ဆို
ကျနော့်ကို အဖတ်မလုပ်တော့တဲ့ ကောင်ဆိုးလေး.....
မုန်းမေ့ပစ်ဖို့ မပြောပါနဲ့ ကျနော် သူ့ကို
နည်းနည်းလေးတောင် မနာကျည်းရက်ခဲ့ဘူး......
ဒါကလည်း သူ့ အမှားမှ မဟုတ်ပဲလေ.....
အနားမှာ အမြဲတမ်း ရှိနေပေးမလားဆိုတဲ့
သူ့ အမေးကို မငြင်းဆန်နိုင်ခဲ့တဲ့ ကျနော့်အပြစ်တွေ....

Jongin ဧည့်ခန်းထဲမှာ ထိုင်နေရင်း
အခန်းထဲက အသံတွေကို မကြားတချက်
ကြားတချက်......
Hannie က အသံနှိမ့် ပြောနေတာဆိုပေမဲ့
အိမ်ထဲမှာက တိတ်ဆိတ်နေတော့
တချက်တချက် သူ ပြောတာတွေကို
ကြားနေရတယ်......
သူ့လူကြီး ပြန်ပြောနေတာတွေ ကိုရောပေါ့.....

"ကလေး.....စာမေးပွဲက သဘက်ခါနော်
စာတွေ ရပြီလား"

"အင်း.....ရပါပြီ"

သူက ကြိုးစားပြီး စာကျက်နေတဲ့ အချိန်မှာ
ခင်ဗျားက ဖုန်းဆက်ပြီး အချိန်ဖြုန်းပစ်နေတယ်
မထင်ဘူးလား.....Oh Sehun ရယ်

"ဘယ်တော့ ပြန်လာမှာလဲ....လူကြီး"

"ထင်ထားတာထက် ပိုကြာမယ်.....baby
ဒီမှာက ပြဿနာတက်နေတော့
ကိုယ်တို့တွေ ဆွေးနွေးနေရတာ
မပြီးသေးဘူး ဖြစ်နေတယ်"

•~ ENDLESS ~•Where stories live. Discover now