Luhan ကို ကြည့်ရတာ တကယ့်ကို
stress တွေ များနေတဲ့ပုံ....
Jongin လည်း ဘာလုပ်လို့
လုပ်ပေးရမှန်း မသိ.....
အနားက ခုံပုလေးမှာ ဝင်ထိုင်ရင်းနဲ့
Luhan စာကျက်နေတာကိုသာ
ထိုင်ကြည့်နေလိုက်တော့တယ်.....
"Innie.....မင်းကရော စာမကျက်ဘူးလား
ငါတို့ပြီးရင် မင်း ဖြေရတော့မှာကို"
Jongin သင့်လျော်အောင် ဘယ်လိုပြန်ပြောရမှန်း
ရုတ်တရက် စဉ်းစားလို့က မရ.....
သူ ဖြေလိုက်တဲ့ အဖြေကြောင့်
Luhan ခုနကလို စိတ်ညစ်သွားရမှာမျိုးလည်း
မဖြစ်စေချင်.....
အမှန်အတိုင်း ပြောရရင် Luhan အဆင့်တွေ
ကျသွားကတည်းက Jongin လည်း အရင်ကလောက်
စာသိပ်မကြိုးစားဖြစ်တော့......
Luhan အဆင့်တွေ ကျနေချိန်မှာ
သူက အမှတ်တွေ ကောင်းနေလို့ မဖြစ်.....
ချစ်ရသူနဲ့ ဘယ်အရာမဆို တသားတည်း
ကျနေချင်တော့တာက အတ္တမို့.....
ပြီးတော့ သူက အမှတ်တွေ ဆက်ကောင်းနေသေးရင်
Hannie က depression ဝင်သွားနိုင်တယ်လေ.....
အဲ့အတွက် Jongin ကိုယ်တိုင်လည်း
ဘေးက ပြောစကားတွေကို ခံခဲ့ရတယ်....
အစကတော့ အကောင်းပါဟယ်
ရည်းစား သက်တမ်းလေးလည်း ရင့်ရော
နှစ်ယောက်လုံး ပျက်စီးတော့တာပဲလေ ဆိုတော့
စကားလုံးတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်.....
Luhan က ကျောင်းရဲ့ နာမည်ကြီး
စာရင်းဝင်သူပီပီ သူ့ကို ဝိုင်းကြိုက်နေတဲ့
မိန်းကလေးတွေကလည်း အများသားဆိုတော့.....
Hannie ဒီလိုတွေ အဆင့်ကျသွားခဲ့ချိန်မှာ
အထိုးနှက်ခံခဲ့ရဆုံးက ကျနော် ဖြစ်နေခဲ့တယ်....
ကျနော်နဲ့ ချစ်သူတွေ ဖြစ်နေတာမို့ Hannie က
အဆင့်ကျရပါတယ်ဆိုတဲ့ သဘောမျိုးလေ.....
Kim Jongin တို့ နာမည်ကြီး
ထမင်းငတ်ဖြစ်ခဲ့ရပုံ ဆိုတာများ.....
အားလုံးရဲ့ အမြင်မှာ Xiao Luhan ရဲ့
ချစ်သူက Kim Jongin ပေါ့.....
Jongin တို့ ချစ်တတ်လိုက်ပုံများကွာ ဆိုပြီး
အားကျ ကြတဲ့ လူတွေလည်း ရှိရဲ့.....
Yaoi အတွဲဆိုပြီး သည်းသည်းလှုပ် support
ချင်နေကြတဲ့ မနိုင်စိန်လေးတွေလည်း ရှိရဲ့.....
Kim Jongin တို့ ဆိုတာကလည်း အဲ့လို
အခြေအနေမျိုးလေးမှာပဲ သာယာနေတာ....
ရင်နာရသမျှကို မတ်မတ်ကြီး ကျေနပ်နေတော့တာ
အဖြည့်ခံတစ်ယောက်ရဲ့ ဘဝဆိုတာမျိုးက....
ဒါမဲ့ ကျနော်က သူ့ကို အရမ်း ချစ်မိနေတော့တာ.....
BINABASA MO ANG
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 8
Magsimula sa umpisa
