"Stress တွေ များနေတာလား....Hannie"
"အင်း.....စာတွေက တကယ် များတယ်"
ဟုတ်တာပေါ့.....စာတွေများပြီး စိတ်ရှုပ်နေလို့သာ
Hannie က ကျနော့်ကို ဒီလို စကားတွေ
ပြောနေတာ နေမှာပါ.....
"ကိုယ် ဘာလုပ်ပေးရဦးမလဲ"
"မလိုပါဘူး....ငါက မင်းထက် ပိုတော်တဲ့ဟာ"
"ဟုတ်ပါတယ်ဗျာ.....Xiao Luhan သာ ရှိနေရင်
Kim Jongin တို့ မနှစ်က အလယ်တန်းကို
တစ်ကျောင်းလုံး ပထမနဲ့ အောင်ခဲ့မှာကို မဟုတ်ဘူး"
Jongin ပြောပြီးသွားမှ စကားမှားသွားမှန်း
သူ သတိပြန်ဝင်သွားတယ်....
Hannie က အဲ့ကိစ္စကို ပြန်အစဖော်ရင်
ကြိုက်တာ မဟုတ်ဘူးလေ.....
"Kim Jongin !!!! "
Luhan မျက်လုံးစိမ်းတွေနဲ့ Jongin ကို
မော့ကြည့်လာတယ်......
စိတ်တိုတယ်.....တကယ်
"ငါ ဒီ final exam ကို ပထမနဲ့ မအောင်ခဲ့ရင်
မင်းကို တစ်သက်လုံး မခေါ်တော့ဘူး....."
"အာ....Hannie ကလည်း ပေါက်ကရတွေ
Hannie ဒီလောက် ဉာဏ်ကောင်းတဲ့ဟာ
ပထမကို Hannie မရလို့ ဘယ်သူရရမှာတုန်း"
Jongin ရဲ့ စကားအဆုံးမှာ Luhan
သက်ပြင်းမောကြီး ချလိုက်မိတယ်.....
Jongin လည်း ပြောလိုက်ပြီးတော့မှ
စိတ်မကောင်း.....Hannie လည်း
သူ့အခြေအနေ သူ ရိပ်မိနေမှာပဲလေ.....
သူ့ လူကြီးနဲ့ စပြီး ချစ်သူတွေ ဖြစ်ကတည်းက
Hannie အရင်ကလောက် စာဘက်ကို
အာရုံ မစိုက်နိုင်တော့တာ.....
အဆင်ပြေနေတဲ့ အချိန်ဆိုရင်လည်း
ဝမ်းသာလုံးတွေ ဆို့ပြီး ပျော်မြူးနေရတာနဲ့....
အဆင်မပြေတဲ့ အချိန်ဆိုရင်လည်း
ငူငူငိုင်ငိုင်နဲ့ စာကိုတောင် လိုက်နားမထောင်နိုင်.....
Luhan အဆင့်တွေ ထိုးကျပြီး 1 to 10 တောင်
မဝင်တော့တဲ့ အချိန်မှာ ကျောင်းမှာလည်း
နည်းနည်းတော့ ပွတ်လောရိုက်သွားခဲ့သေးတယ်.....
အဲ့အချိန်ကျမှ Do Soo ကလည်း မခံမရပ်နိုင်စွာနဲ့
Hannie ရဲ့ အဖြစ်သည်းပုံတွေကို ပြောပြခဲ့တာ....
Jongin လည်း မသိတာတော့ မဟုတ်ပေမဲ့
စာသင်ချိန်တွေမှာ သူက အနားမှာ အမြဲ
ရှိနေရတဲ့လူ မဟုတ်လေတော့.....
"Hannie.....ကိုယ် ကြက်ကြော် ဝယ်လာတာ
Spicy Burger လည်း ပါတယ်"
"မစားချင် သေးဘူး...."
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 8
Start from the beginning
