"မဟုတ်တာတွေ Xiao Han ရာ.....
လာပါ....စာလုပ်မယ်"
စာတွေကို ဇွတ်မှိတ် အာရုံစိုက်ထားရင်းနဲ့ကနေ
မသိမသာ တုန်ခါပြီး တံခါးကနေ ထွက်သွားတဲ့
ကျောပြင်ကျယ်ကြီးကိုပဲ ပြင်မြင်ယောင်နေမိတယ်.....
ပြေးဖက်ပြီး နှစ်သိမ့် အားပေးချင်ခဲ့တာက
ငါပါ....Jongin ရာ
မင်း အရမ်း ပင်ပန်းနေတာတွေကို
ငါကပါ ထပ်တူထပ်မျှ နားလည်ပေးလို့ ရနေပြီရယ်......
~•~•~•~•~•~•~•~•~•~•~•~•~•~•
မင်းကြောင့်နဲ့ပဲ ငါ အသိမဲ့စွာ မီးတောထဲ
ဝင်ထိုးရဲခဲ့တဲ့ ပိုးဖလံတစ်ကောင် ဖြစ်ခဲ့ပြီ.....
အချစ်က မင်းပြောသလိုပဲ ပူလောင်တယ်နော်.....
ဥပက္ခာတရားတွေကလည်း နာကျင်ရတယ်.....
ချောက်ကမ်းပါးအစွန်းမှာ မင်း စောင့်နေပေးမှာ မဟုတ်မှန်း သိနေတာတောင် ငါက တရွေ့ရွေ့ သွားခဲ့မိပြီ......
ချောက်ထဲမှာ အချစ်များစွာ ထွေးပွေ့ရင်း
ပြုတ်ကျသေဆုံးနေတဲ့ မင်းကို ငါ ကြင်နာ ပါရစေကွယ်.....
~•~•~•~•~•~•~•~•~•~•~•~•~•~•~•
To be Continued........
[Unicode]
"Hannie ရေ.....ကိုယ် မုန့်ပါလာတယ်"
လက်ထဲမှာ ဝယ်လာတဲ့ မုန့်ထုပ်ကို ကိုင်ပြီး
ပိုင်စိုးပိုင်နင်း အိမ်ထဲဝင်လာတဲ့ Jongin ကို
Luhan သိပ်တော့ ဘဝင်မကျချင်.....
သူ့ပုံစံက အလုပ်က ပြန်လာနေတဲ့ ရည်းစားက
အိမ်အပြန်မှာ မုန့်ဝယ်လာသလိုလို ဘာလိုလို.....
ကျနော်က သူ့ရည်းစားမှ မဟုတ်ပဲကို......
အိမ်ရဲ့ password တွေ ဘာတွေ
ပြောပြထားတဲ့အထိ ကျနော် သူ့ကို
အခွင့်အရေးတွေ ပေးထားခဲ့တာ.....
အိမ် password ကို Soo တောင် သိတာမဟုတ်ဘူး....
ယုံခဲ့မိတဲ့လူမို့ ပုံအပ်ထားတာဆိုပေမဲ့
ရှင်းရှင်း ပြောရရင် တချို့ တချို့သော
သူ့ အပြုအမူတွေကို သဘောမကျတာကတော့ အမှန်ပဲ....
စာကြည့်စားပွဲနား ရောက်လာတဲ့ Jongin ကို
Luhan တစ်ချက် မော့ကြည့်လိုက်ပြီး.....
"မုန့် ဝယ်လာတိုင်း ပျော်ရအောင်
ငါက ကလေးမို့လို့လား...."
Jongin မျက်နှာ တစ်ချက် ပျက်သွားပေမဲ့
မသိသာအောင် ပြန်ထိန်းလိုက်တယ်.....
Hannie က တခါတလေ အဲ့လို ဆိုးတတ်တယ်လေ
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 8
Start from the beginning
