"စိတ်ဆိုးသွားတာလား.....ဟင်"
"ကိုယ်က ဘာစိတ်ဆိုးစရာ ရှိလို့တုန်း....
Jongin ရော Kyung Soo ကိုရော
ကိုယ်က ကျေးဇူးတင်တယ်လို့ ပြောလိုက်နော်"
"ညကျ Xiao Lu ဖုန်းဆက်လိုက်မယ်...."
"မဆက်နဲ့တော့ ကလေး.....
ကိုယ် မအားဘူး.....ဒါပဲနော် အာ့ဆို"
"အော်.....အင်း အင်း"
အခြေအနေကို နားမလည်နိုင်သေးတဲ့
Do Soo က တံခါးပေါက်နားမှာပဲ
တောင့်တောင့်ကြီး ရပ်နေဆဲ.....
Hannie ကို ကြည့်လိုက်တော့
အရမ်းကို စိတ်ရှုပ်နေသလိုမျိုး.....
"Hannie.....ကိုယ်က"
"မပြောနဲ့....Innie
မင်းက ငါ့ကို ကူညီချင်တာမို့
လုပ်လိုက်တာပါလို့ ပြောဦးမယ်မလား
တခါတလေ မင်းရဲ့ အလိုက်သိမှုတွေက
ငါ့ကို စိတ်အနှောင့်ယှက် ဖြစ်စေတယ်....Innie"
"ကိုယ် တကယ် မရည်ရွယ်ခဲ့တာပါ"
"Soo လည်း ရောက်နေပြီပဲ.....
Innie ပြန်တော့လေ.....စာကျက်ရဦးမယ်မလား"
Jongin ချက်ချင်းကို မျက်ရည်တွေ
ဝဲတက်ချင်လာတယ်.....
ချစ်ရတဲ့ အကောင်ဆိုးလေးဟာလေ
တခါတခါဆို အရမ်းကို ရက်စက်တတ်တယ်......
"အင်းပါ....အာ့ဆို ပြန်ပြီနော် Hannie
Do Soo ငါ ပြန်ပြီနော်
နှစ်ယောက်သား လေပေါမနေပဲ
စာသေချာ လုပ်ကြဦး....."
ရယ်မြူးသံ စွက်လိုက်ရတဲ့ ကိုယ့်စကားသံတွေမှာ
နာကျင်ခြင်းတွေ ပါနေတာ မင်း
သတိထားမိပါရဲ့လား......အချစ်ရယ်
"Xiao Han....ဘာဖြစ်တာလဲဟ"
"ထားပါ....ဘာမှ မဟုတ်ဘူး
ငါလည်း ပြန်မပြောချင်တော့ဘူး"
"မင်း ငါ့ကို လျှို့ဝှက်တာတွေ
များလာသလိုပဲနော်....Xiao Han"
"မဟုတ်ပါဘူးကွာ.....ငါ မင်းကို
ငါ့အကြောင်းတွေ အကုန် ပြောပြတာပါ
ဒါမဲ့ Innie နဲ့ အကြောင်းက
အကုန်ပြောပြလို့ ကောင်းတဲ့
ဟာမျိုးမှ မဟုတ်ပဲ....."
"ဘာလို့လဲ....ငါက အကုန် သိနေတာပဲကို"
"သိနေလို့ ပိုဆိုးတာလေ.....Soo
ချစ်သူတွေလည်း မဟုတ်ပဲ ဒီလိုကြီး
နေနေတာ မင်းရော ငါတို့ကို
စိတ်မပျက်ဘူးလား.....ဟင်"
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 8
Start from the beginning
