Jongin ဧည့်ခန်းထဲမှာ ထိုင်နေရင်း
အခန်းထဲက အသံတွေကို မကြားတချက်
ကြားတချက်......
Hannie က အသံနှိမ့် ပြောနေတာဆိုပေမဲ့
အိမ်ထဲမှာက တိတ်ဆိတ်နေတော့
တချက်တချက် သူ ပြောတာတွေကို
ကြားနေရတယ်......
သူ့လူကြီး ပြန်ပြောနေတာတွေ ကိုရောပေါ့.....
"ကလေး.....စာမေးပွဲက သဘက်ခါနော်
စာတွေ ရပြီလား"
"အင်း.....ရပါပြီ"
သူက ကြိုးစားပြီး စာကျက်နေတဲ့ အချိန်မှာ
ခင်ဗျားက ဖုန်းဆက်ပြီး အချိန်ဖြုန်းပစ်နေတယ်
မထင်ဘူးလား.....Oh Sehun ရယ်
"ဘယ်တော့ ပြန်လာမှာလဲ....လူကြီး"
"ထင်ထားတာထက် ပိုကြာမယ်.....baby
ဒီမှာက ပြဿနာတက်နေတော့
ကိုယ်တို့တွေ ဆွေးနွေးနေရတာ
မပြီးသေးဘူး ဖြစ်နေတယ်"
အမှန်ဆို Oh Sehun ခင်ဗျားက
အနားမှာ ရှိနေပေးသင့်တာလေ.....
Ahh.....မတွေးသင့်တာတွေ
ကျနော် ဘယ်တုန်းက ဒီလောက်ထိ
အတ္တကြီးမိသွားပါလိမ့်.....
ကိုယ့် အတွေးတွေ ကိုယ့်ဘာသာတောင်
ပြန်လန့်လာရတယ်.....
"Ting....Tong"
"ခဏ....လူကြီး
Soo ရောက်လာတာ ထင်တယ်
တံခါး သွားဖွင့်ပေးလိုက်ဦးမယ်....."
အခန်းထဲကနေ Luhan ထွက်လာမယ်ဆိုတာ
ကြားတော့ Jongin တံခါး ထဖွင့်ပေးလိုက်တယ်......
သူတို့ ဖုန်းပြောနေတာ မပျက်သွားစေချင်တဲ့
ရည်ရွယ်ချက်နဲ့ပါလေ.....
Do Soo က အိမ်ထဲ ဝင်အလာ
Hannie က လက်တဖက်ထဲမှာ
ဖုန်းကို ကိုင်ထားလို့ အခန်းထဲက
ထွက်လာတယ်.....
"ဟင်....Xiao Lu
ဘယ်သူ တံခါးဖွင့်ပေးလိုက်တာလဲ
တစ်ယောက်ယောက် ရောက်နေသေးတာလား"
ဖုန်းထဲကနေ သူ့လူကြီးရဲ့ အသံကို
ကြားလိုက်ရမှ Jongin ရင်တွေ
ထိတ်ဖြာသွားတယ်......
သူ မလုပ်ပေးပဲ နေလိုက်သင့်တာမလား.....
စိုးရိမ်နေတာထက် စိတ်ပျက်သလို
အကြည့်တွေက ကျနော့်ဆီ ရောက်လာတယ်.....
"Jongin ရောက်နေတာ.....လူကြီး"
"အော်......အာ့ဆို ဖုန်းချလိုက်တော့မယ်လေ
ကလေးတို့ လုပ်စရာရှိတာ လုပ်ကြတော့"
"ဟင်.....ဖုန်းပြောတာ ခဏလေး ရှိသေးတာကို"
"ကလေးက ကလေးကို စိုးရိမ်လို့
ရောက်လာတဲ့လူတွေကို အားနာစရာ
ဖြစ်အောင် လုပ်မလို့လား....."
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 8
Start from the beginning
