Luhan က ကျောင်းရဲ့ နာမည်ကြီး
စာရင်းဝင်သူပီပီ သူ့ကို ဝိုင်းကြိုက်နေတဲ့
မိန်းကလေးတွေကလည်း အများသားဆိုတော့.....
Hannie ဒီလိုတွေ အဆင့်ကျသွားခဲ့ချိန်မှာ
အထိုးနှက်ခံခဲ့ရဆုံးက ကျနော် ဖြစ်နေခဲ့တယ်....
ကျနော်နဲ့ ချစ်သူတွေ ဖြစ်နေတာမို့ Hannie က
အဆင့်ကျရပါတယ်ဆိုတဲ့ သဘောမျိုးလေ.....
Kim Jongin တို့ နာမည်ကြီး
ထမင်းငတ်ဖြစ်ခဲ့ရပုံ ဆိုတာများ.....

အားလုံးရဲ့ အမြင်မှာ Xiao Luhan ရဲ့
ချစ်သူက Kim Jongin ပေါ့.....
Jongin တို့ ချစ်တတ်လိုက်ပုံများကွာ ဆိုပြီး
အားကျ ကြတဲ့ လူတွေလည်း ရှိရဲ့.....
Yaoi အတွဲဆိုပြီး သည်းသည်းလှုပ် support
ချင်နေကြတဲ့ မနိုင်စိန်လေးတွေလည်း ရှိရဲ့.....
Kim Jongin တို့ ဆိုတာကလည်း အဲ့လို
အခြေအနေမျိုးလေးမှာပဲ သာယာနေတာ....
ရင်နာရသမျှကို မတ်မတ်ကြီး ကျေနပ်နေတော့တာ
အဖြည့်ခံတစ်ယောက်ရဲ့ ဘဝဆိုတာမျိုးက....
ဒါမဲ့ ကျနော်က သူ့ကို အရမ်း ချစ်မိနေတော့တာ.....

"Beeez.....Beeez"

Jongin ဘာပြန်ဖြေလို့ ဖြေရမှန်း
စဉ်းစားရကျပ်နေတုန်းမှာပဲ Luhan ဖုန်းကနေ
vibrate သံက ပေါ်လာခဲ့တယ်.....

ဘေးနားမှာ ချထားတဲ့ ဖုန်းကို Luhan
အမြန် ကောက်ကိုင်လိုက်ပြီးတော့.....

"Innie....လူကြီး ဖုန်းဆက်တာ"

တောင်းပန် တိုးလျှိုးသလိုနဲ့
အားနာနေတဲ့ အကြည့်တွေ.....
ကိုယ် ရင်တွေ နာတယ်......အချစ်ရယ်

"ကိုယ် ဧည့်ခန်းထဲ TV သွားကြည့်လိုက်ဦးမယ်နော်"

"အသံမထွက်ပဲ နေပေးပါလား.....Innie
ငါ မင်းရောက်နေတယ်ဆိုတာ လူကြီးကို
မပြောချင်တော့လို့"

"အော်....အင်းပါ"

Jongin ထွက်သွားပြီဆိုတော့မှ Luhan video call ကို လက်ခံဖို့ answer key ကို နှိပ်လိုက်တယ်.....

"လူကြီး....လွမ်းနေတာ"

တံခါးပိတ်ဖို့ လှမ်းထားတဲ့ ကျနော့် လက်တွေ
အလိုလို နေရင်းနဲ့ကို တုန်ရီချင်လာတယ်.....
Shit.....နာကျင်မှုတွေကို တခါမှ မခံစားခဲ့ရဖူးသလိုမျိုး

အင်းလေ.....သူ့လူကြီးနဲ့ အဆင်ပြေနေတဲ့ အချိန်ဆို
ကျနော့်ကို အဖတ်မလုပ်တော့တဲ့ ကောင်ဆိုးလေး.....
မုန်းမေ့ပစ်ဖို့ မပြောပါနဲ့ ကျနော် သူ့ကို
နည်းနည်းလေးတောင် မနာကျည်းရက်ခဲ့ဘူး......
ဒါကလည်း သူ့ အမှားမှ မဟုတ်ပဲလေ.....
အနားမှာ အမြဲတမ်း ရှိနေပေးမလားဆိုတဲ့
သူ့ အမေးကို မငြင်းဆန်နိုင်ခဲ့တဲ့ ကျနော့်အပြစ်တွေ....

•~ ENDLESS ~•Where stories live. Discover now