Jongin ရဲ့ စကားအဆုံးမှာ Luhan
သက်ပြင်းမောကြီး ချလိုက်မိတယ်.....
Jongin လည်း ပြောလိုက်ပြီးတော့မှ
စိတ်မကောင်း.....Hannie လည်း
သူ့အခြေအနေ သူ ရိပ်မိနေမှာပဲလေ.....
သူ့ လူကြီးနဲ့ စပြီး ချစ်သူတွေ ဖြစ်ကတည်းက
Hannie အရင်ကလောက် စာဘက်ကို
အာရုံ မစိုက်နိုင်တော့တာ.....
အဆင်ပြေနေတဲ့ အချိန်ဆိုရင်လည်း
ဝမ်းသာလုံးတွေ ဆို့ပြီး ပျော်မြူးနေရတာနဲ့....
အဆင်မပြေတဲ့ အချိန်ဆိုရင်လည်း
ငူငူငိုင်ငိုင်နဲ့ စာကိုတောင် လိုက်နားမထောင်နိုင်.....
Luhan အဆင့်တွေ ထိုးကျပြီး 1 to 10 တောင်
မဝင်တော့တဲ့ အချိန်မှာ ကျောင်းမှာလည်း
နည်းနည်းတော့ ပွတ်လောရိုက်သွားခဲ့သေးတယ်.....
အဲ့အချိန်ကျမှ Do Soo ကလည်း မခံမရပ်နိုင်စွာနဲ့
Hannie ရဲ့ အဖြစ်သည်းပုံတွေကို ပြောပြခဲ့တာ....
Jongin လည်း မသိတာတော့ မဟုတ်ပေမဲ့
စာသင်ချိန်တွေမှာ သူက အနားမှာ အမြဲ
ရှိနေရတဲ့လူ မဟုတ်လေတော့.....
"Hannie.....ကိုယ် ကြက်ကြော် ဝယ်လာတာ
Spicy Burger လည်း ပါတယ်"
"မစားချင် သေးဘူး...."
Luhan ကို ကြည့်ရတာ တကယ့်ကို
stress တွေ များနေတဲ့ပုံ....
Jongin လည်း ဘာလုပ်လို့
လုပ်ပေးရမှန်း မသိ.....
အနားက ခုံပုလေးမှာ ဝင်ထိုင်ရင်းနဲ့
Luhan စာကျက်နေတာကိုသာ
ထိုင်ကြည့်နေလိုက်တော့တယ်.....
"Innie.....မင်းကရော စာမကျက်ဘူးလား
ငါတို့ပြီးရင် မင်း ဖြေရတော့မှာကို"
Jongin သင့်လျော်အောင် ဘယ်လိုပြန်ပြောရမှန်း
ရုတ်တရက် စဉ်းစားလို့က မရ.....
သူ ဖြေလိုက်တဲ့ အဖြေကြောင့်
Luhan ခုနကလို စိတ်ညစ်သွားရမှာမျိုးလည်း
မဖြစ်စေချင်.....
အမှန်အတိုင်း ပြောရရင် Luhan အဆင့်တွေ
ကျသွားကတည်းက Jongin လည်း အရင်ကလောက်
စာသိပ်မကြိုးစားဖြစ်တော့......
Luhan အဆင့်တွေ ကျနေချိန်မှာ
သူက အမှတ်တွေ ကောင်းနေလို့ မဖြစ်.....
ချစ်ရသူနဲ့ ဘယ်အရာမဆို တသားတည်း
ကျနေချင်တော့တာက အတ္တမို့.....
ပြီးတော့ သူက အမှတ်တွေ ဆက်ကောင်းနေသေးရင်
Hannie က depression ဝင်သွားနိုင်တယ်လေ.....
အဲ့အတွက် Jongin ကိုယ်တိုင်လည်း
ဘေးက ပြောစကားတွေကို ခံခဲ့ရတယ်....
အစကတော့ အကောင်းပါဟယ်
ရည်းစား သက်တမ်းလေးလည်း ရင့်ရော
နှစ်ယောက်လုံး ပျက်စီးတော့တာပဲလေ ဆိုတော့
စကားလုံးတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်.....
ESTÁS LEYENDO
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 8
Comenzar desde el principio
