အမှန်ဆို Oh Sehun ခင်ဗျားက
အနားမှာ ရှိနေပေးသင့်တာလေ.....
Ahh.....မတွေးသင့်တာတွေ
ကျနော် ဘယ်တုန်းက ဒီလောက်ထိ
အတ္တကြီးမိသွားပါလိမ့်.....
ကိုယ့် အတွေးတွေ ကိုယ့်ဘာသာတောင်
ပြန်လန့်လာရတယ်.....

"Ting....Tong"

"ခဏ....လူကြီး
Soo ရောက်လာတာ ထင်တယ်
တံခါး သွားဖွင့်ပေးလိုက်ဦးမယ်....."

အခန်းထဲကနေ Luhan ထွက်လာမယ်ဆိုတာ
ကြားတော့ Jongin တံခါး ထဖွင့်ပေးလိုက်တယ်......
သူတို့ ဖုန်းပြောနေတာ မပျက်သွားစေချင်တဲ့
ရည်ရွယ်ချက်နဲ့ပါလေ.....

Do Soo က အိမ်ထဲ ဝင်အလာ
Hannie က လက်တဖက်ထဲမှာ
ဖုန်းကို ကိုင်ထားလို့ အခန်းထဲက
ထွက်လာတယ်.....

"ဟင်....Xiao Lu
ဘယ်သူ တံခါးဖွင့်ပေးလိုက်တာလဲ
တစ်ယောက်ယောက် ရောက်နေသေးတာလား"

ဖုန်းထဲကနေ သူ့လူကြီးရဲ့ အသံကို
ကြားလိုက်ရမှ Jongin ရင်တွေ
ထိတ်ဖြာသွားတယ်......
သူ မလုပ်ပေးပဲ နေလိုက်သင့်တာမလား.....

စိုးရိမ်နေတာထက် စိတ်ပျက်သလို
အကြည့်တွေက ကျနော့်ဆီ ရောက်လာတယ်.....

"Jongin ရောက်နေတာ.....လူကြီး"

"အော်......အာ့ဆို ဖုန်းချလိုက်တော့မယ်လေ
ကလေးတို့ လုပ်စရာရှိတာ လုပ်ကြတော့"

"ဟင်.....ဖုန်းပြောတာ ခဏလေး ရှိသေးတာကို"

"ကလေးက ကလေးကို စိုးရိမ်လို့
ရောက်လာတဲ့လူတွေကို အားနာစရာ
ဖြစ်အောင် လုပ်မလို့လား....."

"စိတ်ဆိုးသွားတာလား.....ဟင်"

"ကိုယ်က ဘာစိတ်ဆိုးစရာ ရှိလို့တုန်း....
Jongin ရော Kyung Soo ကိုရော
ကိုယ်က ကျေးဇူးတင်တယ်လို့ ပြောလိုက်နော်"

"ညကျ Xiao Lu ဖုန်းဆက်လိုက်မယ်...."

"မဆက်နဲ့တော့ ကလေး.....
ကိုယ် မအားဘူး.....ဒါပဲနော် အာ့ဆို"

"အော်.....အင်း အင်း"

အခြေအနေကို နားမလည်နိုင်သေးတဲ့
Do Soo က တံခါးပေါက်နားမှာပဲ
တောင့်တောင့်ကြီး ရပ်နေဆဲ.....
Hannie ကို ကြည့်လိုက်တော့
အရမ်းကို စိတ်ရှုပ်နေသလိုမျိုး.....

"Hannie.....ကိုယ်က"

"မပြောနဲ့....Innie
မင်းက ငါ့ကို ကူညီချင်တာမို့
လုပ်လိုက်တာပါလို့ ပြောဦးမယ်မလား
တခါတလေ မင်းရဲ့ အလိုက်သိမှုတွေက
ငါ့ကို စိတ်အနှောင့်ယှက် ဖြစ်စေတယ်....Innie"

"ကိုယ် တကယ် မရည်ရွယ်ခဲ့တာပါ"

"Soo လည်း ရောက်နေပြီပဲ.....
Innie ပြန်တော့လေ.....စာကျက်ရဦးမယ်မလား"

Jongin ချက်ချင်းကို မျက်ရည်တွေ
ဝဲတက်ချင်လာတယ်.....
ချစ်ရတဲ့ အကောင်ဆိုးလေးဟာလေ
တခါတခါဆို အရမ်းကို ရက်စက်တတ်တယ်......

"အင်းပါ....အာ့ဆို ပြန်ပြီနော် Hannie
Do Soo ငါ ပြန်ပြီနော်
နှစ်ယောက်သား လေပေါမနေပဲ
စာသေချာ လုပ်ကြဦး....."

ရယ်မြူးသံ စွက်လိုက်ရတဲ့ ကိုယ့်စကားသံတွေမှာ
နာကျင်ခြင်းတွေ ပါနေတာ မင်း
သတိထားမိပါရဲ့လား......အချစ်ရယ်

"Xiao Han....ဘာဖြစ်တာလဲဟ"

"ထားပါ....ဘာမှ မဟုတ်ဘူး
ငါလည်း ပြန်မပြောချင်တော့ဘူး"

"မင်း ငါ့ကို လျှို့ဝှက်တာတွေ
များလာသလိုပဲနော်....Xiao Han"

"မဟုတ်ပါဘူးကွာ.....ငါ မင်းကို
ငါ့အကြောင်းတွေ အကုန် ပြောပြတာပါ
ဒါမဲ့ Innie နဲ့ အကြောင်းက
အကုန်ပြောပြလို့ ကောင်းတဲ့
ဟာမျိုးမှ မဟုတ်ပဲ....."

"ဘာလို့လဲ....ငါက အကုန် သိနေတာပဲကို"

"သိနေလို့ ပိုဆိုးတာလေ.....Soo
ချစ်သူတွေလည်း မဟုတ်ပဲ ဒီလိုကြီး
နေနေတာ မင်းရော ငါတို့ကို
စိတ်မပျက်ဘူးလား.....ဟင်"

"မဟုတ်တာတွေ Xiao Han ရာ.....
လာပါ....စာလုပ်မယ်"

စာတွေကို ဇွတ်မှိတ် အာရုံစိုက်ထားရင်းနဲ့ကနေ
မသိမသာ တုန်ခါပြီး တံခါးကနေ ထွက်သွားတဲ့
ကျောပြင်ကျယ်ကြီးကိုပဲ ပြင်မြင်ယောင်နေမိတယ်.....
ပြေးဖက်ပြီး နှစ်သိမ့် အားပေးချင်ခဲ့တာက
ငါပါ....Jongin ရာ
မင်း အရမ်း ပင်ပန်းနေတာတွေကို
ငါကပါ ထပ်တူထပ်မျှ နားလည်ပေးလို့ ရနေပြီရယ်......

~•~•~•~•~•~•~•~•~•~•~•~•~•~•

မင်းကြောင့်နဲ့ပဲ ငါ အသိမဲ့စွာ မီးတောထဲ
ဝင်ထိုးရဲခဲ့တဲ့ ပိုးဖလံတစ်ကောင် ဖြစ်ခဲ့ပြီ.....
အချစ်က မင်းပြောသလိုပဲ ပူလောင်တယ်နော်.....
ဥပက္ခာတရားတွေကလည်း နာကျင်ရတယ်.....
ချောက်ကမ်းပါးအစွန်းမှာ မင်း စောင့်နေပေးမှာ မဟုတ်မှန်း သိနေတာတောင် ငါက တရွေ့ရွေ့ သွားခဲ့မိပြီ......
ချောက်ထဲမှာ အချစ်များစွာ ထွေးပွေ့ရင်း
ပြုတ်ကျသေဆုံးနေတဲ့ မင်းကို ငါ ကြင်နာ ပါရစေကွယ်.....

~•~•~•~•~•~•~•~•~•~•~•~•~•~•~•
To be Continued........

•~ ENDLESS ~•Where stories live. Discover now